Tuesday, October 9, 2012

ထမင်းစားပြီး ရှောင်ကြဉ်သင့်သော အချက်ခုနှစ်ချက်...


မြန်မာလူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားသုံးကြသည်ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ်သင့်သော အချက် ခုနှစ်ချက်ကို ဖော်ပြလိုက်ရပါသည်။


(၁) ဆေးလိပ်မသောက်ပါနှင့်

ကျွမ်းကျင်သူများ၏ လေ့လာသုတေသန ပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ် သောက်ခြင်းသည် အခြားအချိန်တွင် စီးကရက် ဆယ်လိပ်သောက်ခြင်းနှင့် ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်အလမ်းအများဆုံး ဖြစ်ကြောင်း သိရှိရသည်။


(၂) သစ်သီးများကို ချက်ချင်းမစားပါနှင့်


ထမင်းစားပြီး သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ်လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားမည်ဆိုပါက ထမင်းစားပြီး တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။

Monday, September 24, 2012

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း


 
ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening

ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။