Wednesday, July 25, 2012

တစ်ပေခွဲသာရှိသည့် တရုတ်မလေးကို ကမ္ဘာ့အသေးဆုံးအဖြစ် သတ်မှတ်



တရုတ်နိုင်ငံမှ လျောင်ရှောင်ရှောင် အမည်၇ှိ သုံးနှစ်အရွယ်မိန်းကလေးတစ်ဦးသည် အရပ် တစ်ပေခွဲသာရှိပြီး ထပ်မံကြီးထွားမူ့သည် လုံးဝ မရှိတော့ကြောင့် ကမ္ဘာ့အသေးဆုံးအဖြစ် သတ် မှတ်နေကြကြောင်းDM သတင်းဋ္ဌာနကဇူလိုင်လ ၁၇ရက်နေ့ တွင်ဖော်ပြသည်။

သူသည်မွေးလာစဉ်က ကိုယ်အလေးချိန် ၁ဒသမ ၀၅ကီလိုဂရမ်(၂ ဒသမ၃ပေါင်) နှင့်အရပ်အမြင့် ၃၃စင်တီမီတာ(၁၃လက်မ) ရှိပြီးယခုသုံးနှစ်သမီးအရွယ် ကိုယ်အလေးချိန်၂ဒသမ၅ကီလိုဂရမ်(၅ဒသမ၅ပေါင်)နှင့်အရပ်အမြင့် ၅၄ စင်တီမီတာ (၂၁လက်မ) ရှိလာသည်။

သို့သော် သူသည်ကြီးထွားမူ့ ရပ်တန့်ခဲ့သည်မှာ ကာလကြာလှပြီးဖြစ်သောကြောင့် သူ့အားကမ္ဘာ့ အသေးဆုံးလူသားဖြစ်သည် ဟုယုံကြည်ကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဟွိုင်ဟွာမြို့မှ ဆရာဝန်များက သူသည် မွေးရာပါဗီဇချွတ်ယွင်း မူ့ကြောင့် စောစီးစွာ ကြီးထွားမူ့ ၇ပ်တန့်သွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။ (mrsorcerer:)

Tuesday, July 3, 2012

ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းတန်ဖိုးအလွန်ကြီးမားလှသောဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီတစ်ခုမှ အမေရိကန် ဒေါ်လာငွေ(၁၀)သန်း အကုန်အကျခံကာရှာဖွေဆယ်ယူပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ခေါင်းလောင်းကြီးမှာ ရန်ကုန်မြစ်နှင့်ပဲခူးတို့ဆုံရာပန်းအလွဲမြစ်အတွင်း နှစ်ပေါင်း(၄၀၀)ခန့် နစ်မြှုပ်ပျောက်ကွယ်နေ ခဲ့ခြင်းဖြစ်သည်။