Saturday, October 15, 2011

မမလေး ကိုင်စရာ

မမလေး ကိုင်စရာဆိုလို့ တစ်ခြား ဟုတ်ပါရိုးလားနော်။ တန်ဖိုးကြီး လှပတဲ့ အမျိုးသမီး လက်ကိုင်အိတ်အကြောင်း  ပြောပြချင်တာပါ။
Ginza Tanaka’s Studded Diamond Platinum Purse    Price: $ 2 Million
ပုံမှာ တွေ့ရတဲ့ လက်ကိုင်အိတ်ဟာ ပလက်တီနမ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး စိန်ပွင့်တွေနဲ့ မြုပ်နှံ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်.. လန်ဒန်ကျောက်မျက်ရတနာ ဆိုင်ကြီးတစ်ခုမှာ ခင်းကျင်း ပြသထားတာဖြစ်ပြီး ဂျပန် ဒီဇိုင်နာ Ginza Tanaka ရဲ့ လက်ရာဖြစ်ပါတယ်။ စိန်ပွင့်ပေါင်း ၂၀၀၀ ကျော်ခန့်ပါဝင်တာကြောင့် တန်ဖိုးလည်း အလွန်တရာ ကြီးမားလှပါတယ်။ ဒေါ်လာ နှစ်သန်း ( $ 2,000,000 ) ခန့် တန်ကြေးရှိကြောင်း သိရပါတယ်။