Monday, September 24, 2012

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း


 
ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening

ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

Monday, September 10, 2012

အတ္တလွန်ကဲမှု သရုပ်သကန်

တရုတ်နိုင်ငံမှာ အရှည်ဆုံး မြစ်တစ်စင်းဖြစ်တဲ့ ယန်စီမြစ်ဟာ ဘာအကြောင်းကြောင့် ဆိုတာ မသိရပဲ သွေးရောင်ဖြစ်သွားတာကို ပြီးခဲ့တဲ့ သောကြာနေ့ (စက်တင်ဘာ ၇) တရုတ် အစိုးရ ပိုင် ရုပ်သံက ထုတ်လွင့်ပြသ သွားပါတယ်။

ဒီအကြောင်းအရာကို ဆက်လက်စုံစမ်းနေတယ် လို့ပဲ ပြောထားပြီး အခုထိတော့ ဘာကြောင့်ဆိုတာကို အဖြေမပေးနိုင်သေးပါဘူး။

ယန်စီမြစ်ရိုးတလျှောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ က ထောက်ပြ ဝေဖန်နေတာတော့ ကြာပါပြီ၊ သို့သော်လဲ တရုတ် အစိုးရ လုပ်ရိုးလုပ်စဉ် အတိုင်းပြန်လည် ငြင်းချက်ထုတ်ရင်းနဲ့သာ စခန်းသွားနေတာပါ။

စီပွါးရေး တိုးတက်ဖို့ တခုထဲသာ ကြည့်ပြီး စက်ရုံအလုပ်ရုံများ စည်းမရှိကမ်းမရှိ တည်ထောင်ခြင်း၊ ရေကာတာများ အလွန်အကျွံ တည်ဆောက်ခြင်း၊ နိုင်ငံ၏ GDP တက်လာဖို့ တခုထဲကိုသာ ကြည့်ခြင်းကြောင့် အခုလို ဖြစ်လာရခြင်းဖြစ်တယ်လို့ မြင်ပါတယ်။

အားလုံးကို ခြုံကြည့်လိုက်ရင်....

အတ္တလွန်ကဲမှု သရုပ်သကန် ပါပဲ။... မြန်မာနိုင်ငံ ထဲ ကူးမလာပါစေနဲ့ လို့ပဲ ဆုတောင်းမိပါတယ်။

မူရင်း သတင်းလင့်
https://www.youtube.com/watch?feature=player_embedded&v=aHPIdlk5vyw