Friday, January 28, 2011

ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ

သရုပ်ဆောင် အေးမြတ်သူ
သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာဆောင် ညစာစားပွဲ တက်သည့်ပုံများ ဖော်ပြခဲ့သည့် အတွက် ပြည်တွင်းဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။ 
ထွန်းအိန္ဒြာဗို
မင်္ဂလာဆောင် ညစာစားပွဲသို့ တက်ရောက် လာသည့် မင်းသမီးများ မလုံခြုံသည့် အ၀တ်အစားများ ၀တ်ထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သော မော်နီတာ ဂျာနယ်မှာ ထုတ်ဝေခွင့် ၂ ပတ် အပိတ်ခံရပြီး ဟယ်လို ဂျာနယ်မှာ ၁ ပတ် ပိတ်ခံခဲ့ရသည်။

“ကျနော်တို့ ဂျာနယ် ၂ ပတ်ပိတ်ခံရတာ ဟုတ်ပါတယ်။ မင်းသမီးတွေရဲ့ မလုံမခြုံ ၀တ်ထားတဲ့ ပုံတွေကို ဂျာနယ်မှာ ဖော်ပြခဲ့လို့ ပိတ်တယ်လို့ သိရပါတယ်” ဟု မော်နီတာ ဂျာနယ်မှ အယ်ဒီတာ တဦးက ပြောသည်။

Sunday, January 23, 2011

၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပ

၂၀၀၉ ခုနှစ်အတွက် ဆုချီးမြှင့်ခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့က နေပြည်တော်၌ ပဉ္စမအကြိမ်မြောက် ပြုလုပ်ခဲ့ရာ အကယ်ဒမီဆုကို ပထမဆုံးရရှိသည့် အနုပညာရှင်ခြောက်ဦး ပေါ်ထွက်ခဲ့သည့် အခမ်းအနားတစ်ခု ဖြစ်ခဲ့ပါသည်။ ယခု ပြုလုပ်ခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ပေးပွဲသည် (၅၄)ကြိမ်မြောက် အဖြစ် ကျင်းပခဲ့သော ထူးချွန်ဆုပေးပွဲ ဖြစ်ပါသည်။

Thursday, January 20, 2011

အဆိုတော်များ နာရေးအသင်း ဗီစီဒီ ရိုက်ကူး

လူမှုရေးနှင့် ငြိမ်းချမ်းရေး အမည်ရ တေးသီချင်းအပုဒ် ၃ဝ ကို အဆိုတော်နှင့် ဂီတပညာရှင် ၂ဝ ခန့် သီဆို၍ နာရေးကူညီမှုအသင်း (ရန်ကုန်) အလှူရှင်များသို့ ဂုဏ်ပြုလက်ဆောင်ပေးရန် ဗီစီဒီ ရိုက်ကူးနေကြသည်။

အသင်းလုပ်ဆောင်ချက်၊ ပေးဆပ်မှု မြင်ကွင်းများဖြင့် ပုံဖော်ရိုက်ကူးကာ အလှူရှင်များအတွက် အကန့်အသတ်ဖြင့် ပြန်လည်ပေးဝေရန် မနေ့မှစ၍ ရိုက်ကူးခြင်း ဖြစ်သည်။ သီချင်း ၃ဝ ကို ဗီစီဒီ ၃ ခွေ ထုတ်လုပ်မည် ဖြစ်သည်။

Tuesday, January 4, 2011

ကမ္ဘာ့အသက်အကြီးဆုံး ခလေးအဖေ

ရာမိခ်ျရာ၈တ်ဖ် နဲ့ ပထမဦးဆုံး သားဦးရတနာ
အိန္ဒိယနိုင်ငံသား အသက် ၉၄ နှစ်ရှိ ရာမိခ်ျရာ၈တ်ဖ် ( Ramage Raghav)ဟာ ကမ္ဘာ့အသက်အကြီးဆုံး ခလေးအဖေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူရဲ့ မိန်းမ ရှပ်ကုန္ဒလာဒေ၀ီ ( Shakuntala Devi) အသက် ၅၄ နှစ်နဲ့ ပထမဦးဆုံး သားဦးရတနာကို ရရှိခဲ့ပါတယ်။ သူတို့မိဘနှစ်ပါဟာ ဒီသားဦးရတနာလေးရတဲ့အတွက် အင်မတန်ကို ၀မ်းသာပီတိဖြစ်ကြရပြီး၊ ဒီသားလေးဟာ ဘုရားသခင်က သူတို့အတွက်ပေးတဲ့ လက်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။