Tuesday, October 9, 2012

ထမင်းစားပြီး ရှောင်ကြဉ်သင့်သော အချက်ခုနှစ်ချက်...


မြန်မာလူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားသုံးကြသည်ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ်သင့်သော အချက် ခုနှစ်ချက်ကို ဖော်ပြလိုက်ရပါသည်။


(၁) ဆေးလိပ်မသောက်ပါနှင့်

ကျွမ်းကျင်သူများ၏ လေ့လာသုတေသန ပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ် သောက်ခြင်းသည် အခြားအချိန်တွင် စီးကရက် ဆယ်လိပ်သောက်ခြင်းနှင့် ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်အလမ်းအများဆုံး ဖြစ်ကြောင်း သိရှိရသည်။


(၂) သစ်သီးများကို ချက်ချင်းမစားပါနှင့်


ထမင်းစားပြီး သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ်လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားမည်ဆိုပါက ထမင်းစားပြီး တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။

Monday, September 24, 2012

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း


 
ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening

ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

Monday, September 10, 2012

အတ္တလွန်ကဲမှု သရုပ်သကန်

တရုတ်နိုင်ငံမှာ အရှည်ဆုံး မြစ်တစ်စင်းဖြစ်တဲ့ ယန်စီမြစ်ဟာ ဘာအကြောင်းကြောင့် ဆိုတာ မသိရပဲ သွေးရောင်ဖြစ်သွားတာကို ပြီးခဲ့တဲ့ သောကြာနေ့ (စက်တင်ဘာ ၇) တရုတ် အစိုးရ ပိုင် ရုပ်သံက ထုတ်လွင့်ပြသ သွားပါတယ်။

ဒီအကြောင်းအရာကို ဆက်လက်စုံစမ်းနေတယ် လို့ပဲ ပြောထားပြီး အခုထိတော့ ဘာကြောင့်ဆိုတာကို အဖြေမပေးနိုင်သေးပါဘူး။

ယန်စီမြစ်ရိုးတလျှောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ က ထောက်ပြ ဝေဖန်နေတာတော့ ကြာပါပြီ၊ သို့သော်လဲ တရုတ် အစိုးရ လုပ်ရိုးလုပ်စဉ် အတိုင်းပြန်လည် ငြင်းချက်ထုတ်ရင်းနဲ့သာ စခန်းသွားနေတာပါ။

စီပွါးရေး တိုးတက်ဖို့ တခုထဲသာ ကြည့်ပြီး စက်ရုံအလုပ်ရုံများ စည်းမရှိကမ်းမရှိ တည်ထောင်ခြင်း၊ ရေကာတာများ အလွန်အကျွံ တည်ဆောက်ခြင်း၊ နိုင်ငံ၏ GDP တက်လာဖို့ တခုထဲကိုသာ ကြည့်ခြင်းကြောင့် အခုလို ဖြစ်လာရခြင်းဖြစ်တယ်လို့ မြင်ပါတယ်။

အားလုံးကို ခြုံကြည့်လိုက်ရင်....

အတ္တလွန်ကဲမှု သရုပ်သကန် ပါပဲ။... မြန်မာနိုင်ငံ ထဲ ကူးမလာပါစေနဲ့ လို့ပဲ ဆုတောင်းမိပါတယ်။

မူရင်း သတင်းလင့်
https://www.youtube.com/watch?feature=player_embedded&v=aHPIdlk5vyw

Saturday, August 11, 2012

အမေရိကန်ရှိ ဦးသန့်ကျွန်း (U Thant Island)

ပုံမှာ မြင်တွေ့နေရတဲ့ ကျွန်းကို ဦးသန့်ကျွန်းလို့ အမည်ပေးထားကြပါတယ်။ နယူးယောက်စီတီး Manhattan မှာ ရှိတဲ့ ကျွန်းဖြစ်ပါတယ်။

ကုလသမဂ္ဂရုံးချုပ်အနီးမှာ တည်ရှိပြီး အတိအကျပြောရမယ်ဆိုရင် UN Headquarter န
ဲ့ Gantry Plaza State ပန်းခြံ တို့ရဲ့ ကြားမှာ ရှိတဲ့ East River က ကျွန်းငယ်လေး ဖြစ်ပါတယ်။ အမှန်တော့ ယင်းကျွန်းဟာ သဘာဝကျွန်းမဟုတ်ပဲ လူလုပ်ကျွန်းဖြစ်ပါတယ်။ ၁၉၈၀ နောင်းပိုင်းက ဂျာမနီလူမျိုး အမေရိကန်ရောက် စီးပွားရေး လုပ်ငန်းရှင်က ဝီလီယျံ စတိန်းဝေးမှ ပြုလုပ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အမှန်တော့ မြစ်တစ်ဖက်ကမ်းနဲ့ တစ်ဖက်ကမ်း ရေအောက်ဖြတ် ရထားလိုဏ်ဂူဆောက်ဖို့ ဖြစ်ပါတယ်။

ယင်းအစီအစဉ်ကြောင့် ကျွန်းငယ်လေးကိုပါလုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ယင်းကျွန်းဆီကို ရေပေါ်ကော လိုဏ်ဂူကပါ အရောက်သွားနိုင်အောင် ပြုလုပ်ထားပါတယ်။


ယင်းကုန်းမြေလေးကို ၁၉၇၇ ခုနှစ်ရောက်မှ ကျွန်းတစ်ခုအဖြစ် ကုလသမဂ္ဂဝန်ထမ်းများရဲ့အားထားလေးစားတဲ့ ဒဿန ပညာရှင်၊ ဂုရု Sir Chinmoy က ဦးဆောင်ပြီး အတည်ပြုပေးလိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ၉.၄ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်း

ကမ္ဘာ့ဈေးအကြီးဆုံးဖုန်း

ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းကို အင်္ဂလန်နိုင်ငံ၊ လီပါဗူးမြို့က Stuard hughes အမည်ရ ကုမ္မဏီမှ ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းက ထုတ်ဖော်ပြသခဲ့ပါတယ်။ လူသုံးကုန်ပစ္စည်းများကို ဇိမ်ခံပစ္စည်းအဖြစ် ပြောင်းလဲပေးနေတဲ့ ကုမ္မဏီတစ်ခု ဖြစ်သည့်အား လျော်စွာ ကမ္ဘာ့ဈေးအကြီး ပစ္စည်းများကို ဖန်တီးပေးခဲ့ပါတယ်။

ယင်းဖန်တီးမှုများမှ တစ်ခုကတော့ ကမ္ဘာ့ဈေးအကြီးဆုံးဖုန်း ဖြစ်ပါတယ်။ Apple မှ ထုတ်တဲ့ iPhone 4S ကို စိန်၊ ရွှေ၊ ပလက်တီနမ် နဲ့အခြား ရှားပါး ကျောက်မျက်ရတနာများနဲ့ အလှဆင်ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ ၁၀၀ ကာရပ်အဆင့် သန့်စင်ပြီးဖြစ်တဲ့ အပြစ်အနာအဆာမရှိ စိန်ပေါင်း အလုံး ၁၀၀ ပါဝင်ပါတယ်။ အနောက်ဘက် ကာဗာကို ၂၄ ကာရက် ရွှေ၊ Apple လိုဂို အမှတ်တံဆိပ်ကို စိန် ၅၃ လုံး၊ ၂၄ ကာရက်ရွှေ တို့နဲ့ ဖန်တီးထားပါတယ်။

Wednesday, July 25, 2012

တစ်ပေခွဲသာရှိသည့် တရုတ်မလေးကို ကမ္ဘာ့အသေးဆုံးအဖြစ် သတ်မှတ်



တရုတ်နိုင်ငံမှ လျောင်ရှောင်ရှောင် အမည်၇ှိ သုံးနှစ်အရွယ်မိန်းကလေးတစ်ဦးသည် အရပ် တစ်ပေခွဲသာရှိပြီး ထပ်မံကြီးထွားမူ့သည် လုံးဝ မရှိတော့ကြောင့် ကမ္ဘာ့အသေးဆုံးအဖြစ် သတ် မှတ်နေကြကြောင်းDM သတင်းဋ္ဌာနကဇူလိုင်လ ၁၇ရက်နေ့ တွင်ဖော်ပြသည်။

သူသည်မွေးလာစဉ်က ကိုယ်အလေးချိန် ၁ဒသမ ၀၅ကီလိုဂရမ်(၂ ဒသမ၃ပေါင်) နှင့်အရပ်အမြင့် ၃၃စင်တီမီတာ(၁၃လက်မ) ရှိပြီးယခုသုံးနှစ်သမီးအရွယ် ကိုယ်အလေးချိန်၂ဒသမ၅ကီလိုဂရမ်(၅ဒသမ၅ပေါင်)နှင့်အရပ်အမြင့် ၅၄ စင်တီမီတာ (၂၁လက်မ) ရှိလာသည်။

သို့သော် သူသည်ကြီးထွားမူ့ ရပ်တန့်ခဲ့သည်မှာ ကာလကြာလှပြီးဖြစ်သောကြောင့် သူ့အားကမ္ဘာ့ အသေးဆုံးလူသားဖြစ်သည် ဟုယုံကြည်ကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဟွိုင်ဟွာမြို့မှ ဆရာဝန်များက သူသည် မွေးရာပါဗီဇချွတ်ယွင်း မူ့ကြောင့် စောစီးစွာ ကြီးထွားမူ့ ၇ပ်တန့်သွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။ (mrsorcerer:)

Tuesday, July 3, 2012

ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းတန်ဖိုးအလွန်ကြီးမားလှသောဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီတစ်ခုမှ အမေရိကန် ဒေါ်လာငွေ(၁၀)သန်း အကုန်အကျခံကာရှာဖွေဆယ်ယူပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ခေါင်းလောင်းကြီးမှာ ရန်ကုန်မြစ်နှင့်ပဲခူးတို့ဆုံရာပန်းအလွဲမြစ်အတွင်း နှစ်ပေါင်း(၄၀၀)ခန့် နစ်မြှုပ်ပျောက်ကွယ်နေ ခဲ့ခြင်းဖြစ်သည်။

Tuesday, May 1, 2012

ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ

Inline image 2


ဗီယက်နမ်မှ ဇနီးတစ်ဦးအား အမေရိကန်ဒေါ်လာ ၆၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်

၁ ။ အပျိုစင်ဖြစ်ကြောင်း အာမခံသည်။

၂ ။ ရက် ၉၀ အတွင်း လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်းအာမခံသည် ။

၃ ။ အပိုထပ်ဆောင်းကြေး ၊ အပိုကုန်ကျငွေမရှိပါ ။

၎ ။ တစ်နှစ်အတွင်း သင့်ထံမှ ထွက်ပြေးလျှင် နောက်တစ်ယောက်ကို ပိုက်ဆံမပေးရပဲ Free ရမည်။

ကဲ ကောင်းကြသေးရဲ့လား လုပ်ပုံက အမျိုးသမီးတွေကို ငွေနဲ့တန်ဖိုးဖြတ်နေကြတယ် ။ မဖြစ်သင့်တဲ့ကိစ္စကြီးကို သတင်းစာမှာ ပေါ်တင်ကြီးတောင်ကြေငြာလိုက်သေး ဓါတ်ပုံတွေဘာတွေနဲ့ ။

မှတ်ချက် ။ ။ စိတ်ဝင်တစား ၀ယ်ချင်သူတွေကတော့ ဗီယက်နမ်ကို ကြွကြပါကုန် ။

သက်တန့်ချို

Thursday, April 26, 2012

MYANMAR PROVERBS မြန်မာ စကားပုံများ

Adjust burden to strength, like arrow to bow.
တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။

Although cowardly be slow to run.
မရဲသော်လည်း ပြေးခဲစေ။

The anger of the prudent never shows.
ပညာရှိအမျက် အပြင်မထွက်။

Arrows all gone before the battle begins.
စစ်မရောက်ခင် မြှားကုန်။

As the doe gives birth to a fawn the tiger eats it.
သမင်မွေးရင်း ကျားစားရင်း။

Tuesday, April 3, 2012

၂၀၀၈ အခြေခံဥပဒေကို ဘယ်လိုပြင်ကြမလဲ

အခြေခံဥပဒေ ပြင်ချင်သူတွေအတွက် (download လုပ်ပြီး zoom လုပ်ကြည့်ပါ)

Saturday, March 31, 2012

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ပဏာမရွေးချယ်သူ စာရင်းကို ထုတ်ပြန်ကြေညာ


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ရန် လျှောက်ထားသူ၁၅၇ ဦးအနက်မှ ပဏာမရွေးချယ်သူ ၁၄ ဦးကိုထုတ် ပြန်ကြေညာခဲ့ကာ ဧပြီလ ၇ရက်နေ့ တွင် လူတွေ့စစ်ဆေးနိုင်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ပဏာမ အဆင့် လူရွေးချယ်ခြင်းကို မတ်လ ၂၄ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ဖို့ လျှောက်ထားလာသူတွေထဲက ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေ အားလုံး တိုင်ပင်ညှိနှိုင်းပြီး အနီးစပ်ဆုံးသူ ၁၄ ဦးကို ရွေးချယ်ထားပါတယ်။ အဲဒီ ၁၄ ဦးကို လူတွေ့စစ်ဆေးပြီး သွားမှ သရုပ်ဆောင်မယ့်သူကို ရွေးချယ်သွားပါမယ်။ ရွေးချယ်ပြီးသွားရင်တော့ ဗိုလ်ချုပ်ဇာတ်ရုပ် အဖြစ် သရုပ်ဆောင်နိုင်ဖို့ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်သွားမှာပါ”ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ရှင်းပြခဲ့သည်။

ပဏာမ ရွေးချယ်ထားသူ ၁၄ ဦးမှာ ဖြိုးတေဇာလင်း(ဘီးလင်း မြို့)၊ အောင်မိုးမင်း(ဆွာမြို့)၊ သိန်း ဇော်(လှိုင်သာယာမြို့နယ်)၊ အောင်မင်းထွေး(တောင်ဒဂုံမြို့နယ်)၊ နေဦး (ခ)နန္ဒမိုး (မြင်းခြံမြို့နယ်)၊ တင်ဆွေထူး(လှိုင်သာယာမြို့နယ်)၊ မောင်ကျောက်ခဲ(ပြည်ကြီးတံခွန်မြို့နယ်)၊ အောင်ဘိုဘိုဇင်(မြောင်းမြမြို့နယ်)၊ ဗိုလ်ထွေး(ခ)ခင်မောင်ထွေး (ချောင်းဆုံ မြို့နယ်)၊ ဘုန်းမြင့်ဌေးမော်(ကမာရွတ်မြို့နယ်)၊ ပန်းချီကိုသူ(ခ)ကျော်နန္ဒ(လှိုင်သာယာမြို့နယ်)၊ ထိန်မျိုးလင်း(ခ)ထိန်လင်း(ဒေါပုံမြို့နယ်)၊ အောင်ချမ်း(လားရှိုးမြို့နယ်)၊ သက်ဇော်ဝင်း(ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်) တို့ ဖြစ်သည်ဟု သိရှိရသည်။(Eleven Media Group)


ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ

ကော့မှူးမြို့နယ် ၀ါသိင်္ခရွာသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား
 ထောက်ခံသူများနှင့်အတူ ယနေ့ညဦးပိုင်းက တွေ့ရစဉ်

 ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများအတွက် လစ်လပ်မဲဆန္ဒနယ် (၄၀)ကျော်တွင် ရောက်ရှိနေသော Eleven Media Group မှ သတင်းထောက်များ၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးရသတင်းများကို ဤနေရာတွင် မိနစ်အလိုက် အချိန်နှင့် တစ်ပြေးညီ စုစည်ဖေါ်ပြအပ်ပါသည်။ ထို့အတူ https://www.facebook.com/ElevenMediaGroup တွင်လည်း နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးထားပါသည်။





31 March 2012 23:48
ကလောမြို့နယ်တွင် မဲရုံပေါင်း ၁၃၂ ရုံ၊ မဲပုံး ၂၅၆ ပုံး၊ မဲလက်မှတ် စာအုပ်မှာ ၂၀၁၉ အုပ် ဖြစ်ကြောင်း၊ မဲပေးနိုင်သည့် ဦးရေ ကျား ၄၈၂၃၆ ဦး၊ မ ၅၀၁၅၇ ဦး၊ စုစုပေါင်း ၉၈၃၉၃ ဦးဖြစ်ကြောင်းနှင့် စစ်တပ်မှ မဲပေးနိုင်သူဦးရေမှာ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။


31 March 2012 23:44
သုံးခွမြို့နယ်တွင် လူဦးရေ ၁၅၈၈၃၀ ရှိပြီး မဲပေးနိုင်သည့်ဦးရေမှာ ၁၁၂၇၉၀ ဖြစ်ကြောင်း၊ မဲရုံပေါင်း ၁၃၅ ရုံရှိကြောင်းနှင့် မြို့နယ်ကော်မရှင်က ကြိုတင်မဲ ၂၀၀၀ မကျော်စေရကြောင်း ပြောကြားထားပြီး ယင်းအနက် ၁၆၅၀ ကို NLD က ရရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှုးမြို့နယ်မှတယ်လီဖုန်းဆက်သွယ်ရေးလိုင်းအား အာဏာပိုင်တို့ဖြတ်တောက်လိုက်ပြီ


ကော့မှူးမြို့နယ်တွင်အာဏာပိုင်တို့ကတယ်လိုင်းဖုန်းဆက်သွယ်ရေးလိုင်းများအား ဖြတ်တောက်လိုက်ပြီဟု သတင်းရရှိသည်။ သောကြာနေ့နေ့လိုင်းပိုင်းထိကောင်းမွန်နေသောတယ်လီဖုန်းလိုင်းများမှာ ညဦးပိုင်းကစတင်ပြီးယ္ခုချိန်ထိဆက်သွယ်မှုပြတ်တောက်လျက်ရှိကြောင်းဒေသခံများကပြောပြသည်။ ကော့မှူးမြို့နယ်သည် NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကြံ့ဖွတ်ပါတီအတွက် အလွန်အရေးကြီးသော မဲဆန္ဒနယ်မြေတခုအဖြစ် (ထိပ်တန်းစစ်ဆင်ရေးနယ်မြေ)ကြံဖွတ်ပါတီကသတ်မှတ်ထားသောမဲဆန္ဒနယ်မြေတခုဖြစ်သည်။
ယ္ခုကဲ့သို့ ဆက်သွယ်မှုများပြတ်တောက်ရခြင်းအပေါ် အလွန်စိုးရိမ်ပူပန်မှုသံသယများ ဖြစ်ရကြောင်းပြည်တွင်းမီဒီယာမှပြောပြသည်။
မတ်လ(၃၁) ရက်ညတွင် ကော့မှူးမြို့နယ် ဝါးသိင်္ခရွာသို့ အမျိုးသားဒီမိုကရေစီအဖွဲကချုပ်ခေါင်းဆောင် မနက်ဖြန်ရွေးကောက်ပွဲအတွက် သွားရောက်ညအိပ်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သန်းကောင်စာရင်းသွင်းထားဝါးသိင်္ခကျေးရွာရှိ ကရင်မိသားစုနေအိမ်။

စာပေစိစစ်က ဒီစာမျက်နှာကို ပိတ်သတဲ့ဗျာ ....

စာပေစိစစ်က ဒီစာမျက်နှာကို ပိတ်သတဲ့ဗျာ ....

အိုံပညာရှင်တွေက NLD ကို တဖက်ဇောင်းနင်း အားပေးလို့ တဲ့ ....း)

မြန်မာနိုင်ငံမှာ ပါးတခါရိုက်ရင် တထောင်ဘဲ ပေးရတယ်

တရားခံ ထက်ထက်မိုးဦး
ယခင်အမှုခြိမ်းများတွင် တရားရှေ့၌တွေ့ ရသော ထက်ထက်မိုးဦး
ဒီဗွီဘီက သတင်းတပုဒ်မှာ ဆဲဗင်းဒေး သတင်းဂျာနယ် သတင်းထောက် မအေးသူစံကို  ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး ကို ပြစ်မှုထင်ရှားလို့  ဒဏ်ငွေ ကျပ်တထောင် စီရင်ချက်ချလိုက်တယ် လို့ ရေးထားပါတယ်။

အမှုစစ်တဲ့ တှိံစ်နဲ့ ဆယ်လကျော် အချိန်မှာ တရားရုံးကို အဋ္ဌကိမ် (၇၀)ကျော် သွားရတယ်လို့  မအေးသူစံ ကပြောပြီး စီရင်ချက်အပေါ် မကျေနပ်ပေမဲ့ ပိုက်ဆံမတတှ်ိုံင်တော့လို့  အယူခံ မ၀င်တော့ဘူးလို့ ဆိုပါတယ်။

“ ကျမခံစားရတုန်းက လူပုံအလယ်မှယ အရှက်တကွဲ အကျိုးနဲဖြစ်ခဲ့ရတယ်။ ဒီအမှုမှာ လူအား၊ ငွေအား၊ စိတ်အားတွေ အများ`ဋ္ဌကီးပေးပြီးတော့ အချိန်ပေး အသုံးချခဲ့ရတယ်။

Tuesday, March 20, 2012

ဘိုးဘွားရိပ်သာမရောက်ဘဲ လမ်းဘေးရောက်နေတဲ့ ဘွားဘွားများ......

ဗိုလ်ချုပ်အောင်းဆန်း ပုံ စတစ်ကာ ကပ် ထားသောကားများ နန်းတွင်းဝင်ခွင့်မပေး

 နိုင်ငံခြားသားခရီးသည်တင်တဲ့ကား
ကိုတော့ သည်လောကမှာ တိုးရ်ကားလို့ခေါ်ပါတယ်။
သည် တိုးရ်ကားတွေဘာလို့နန်းတွင်းဝင်
ရသလဲဆိုရင် ဧည့်သည...်ကို မြနန်းစံကျော် ရွှေနန်းတော်ပြဖို့ပါ။
နန်းတွင်းကို (၁၉)လမ်းအရှေ့ပေါက်ကပဲဝင်ရတယ်၊ အဲဒီမှာ ရှေးဟောင်းရဲ့ zone fee (US$) ကောက်တဲ့ဂိတ်ရှိလို့ပါ။

ကားက ဂိတ်ကိုရောက်ပြီး ဘာလုပ်ရလဲဆိုရင်.....လုံခြုံရေးဂိတ် အနောက်လွတ်တဲ့နေရာမှာရပ်ထားပြီး
ယာဉ်မောင်းက လုံခြုံရေးဂိတ်မှာ အမည်၊ယာဉ်အမှတ်၊လူဦးရေပြောပြီး ယာဉ်မောင်းလိုင်စင်ပါပေးခဲ့ရတယ်
တိုးရ်ဂိုက်က လမ်းတဘက်မှာရှိတဲ့ ရှေးဟောင်းဂိတ်မှာသွားပြီး zone fee ဆောင်ပြီးရင်လည်းဆောင်ပြီးကြောင်း
လက်မှတ်ပြ၊ မဆောင်ရသေးရင်လည်း ဆောင်ရပါတယ်။ (သည်အလုပ်ကို တိုးရ်ဂိုက်မပါရင် ယာဉ်မောင်းက
လုပ်ပေးရပါတယ်။)
အဲသည်လုပ်ငန်းစဉ်တွေပြီးမှ မီးပွိုင့်က မီးစိမ်းပြမှ နန်းတွင်းထဲ ၀င်ရပါတယ်။

Monday, March 19, 2012

မြ၀တီမြို့ အာဇာနည်ကျောက်တိုင်နှင့် ကျောက်တိုင်မြေ ရောင်းစားခံရခြင်း (တိုင်ကြားစာ)

မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူအပေါင်းတိုဟာ နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့ ရောက်တိုင်း လူကြီးလူငယ် ရဟန်း မရွေး နှလုံးသားထဲမှာ ရင်နင့်ပူဆွေးဝမ်းနည်းမှုတွေ အလိုအလျှောက် ဖြစ်ပေါ်လာကြပါတယ်။ ကျဆုံးခဲ့သော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များကို အောင်းမေ့ဖွယ် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူတွေဟာ အာဇာနည်ကျောက်တိုင်မှာ လွမ်းသူပန်းခွေများချကာ အလေးပြု ကြပါတယ်။ ကျနော်တို့ မြ၀တီမြို့မှာတော့ ခေတ်အဆက်ဆက် ရှိပြီးဖြစ်တဲ့ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဗလီရှေ့ အာဇာနည်ကျောက်တိုင်နှင့် ကျောက်တိုင်မြေဟာ မသမာသူ အာဏာရှင်ဖြစ်ခဲ့တဲ့ ယခင် ကရင်ပယက ဗိုလ်မှူးကြီးစောခင်စိုးနဲ့ မြ၀တီခရိုင် ခယကအဖွဲ့ တို့ဟာ မြ၀တီမြို့နေ ပြည်သူကို ဂုတ်သွေးစုတ်နေတဲ့ ပြည်သူ့ချဉ်ဖတ် ဖြစ်တဲ့ တရုတ်အမျိုးသမီး ဒေါ်သင်းသင်မြတ် ဆိုသူကို ရောင်းစားလိုက်ပါတယ်။

Sunday, March 11, 2012

အီးမေးလ်ထဲက ပုံပြင်တိုလေး...

 အမေအိုကို မကျွေးမမွေးနိုင်တော့တဲ့သားက အမေကို တောထဲမှာစွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ညနေမှာ သားက အမေကိုကျောပိုးပြီး တောထဲလျှောက်သွားကြည့်မယ်ဆိုတော့ အမေက ခက်ခက်ခဲခဲနဲ့ သားကျောပေါ်တက်လိုက်ခဲ့တယ်။ တောနက်နက်ထဲရောက်မှ အမေကိုပစ်မယ်လို့ သားကတွေးပြီး တောထဲဝင်ခဲ့တယ်။ အဲဒီမှာ အမေကိုသူငှဲ့ကြည့်တော့ အမေဟာ သူကျောပေါ်ကနေပြီး လမ်းတလျောက် ပဲစေ့တွေပစ်ချနေတာကို သူတွေ့လိုက်တယ်။
"အမေဘာလို့ ပဲစေ့တွေ ကျဲနေသလဲ"လို့ သူစိတ်တိုတိုနဲ့မေးတော့ အမေက "ခဏနေ သားပြန်ရင် သားလမ်းမှားမှာစိုးလို့ပါ"လို့ ပြန်ဖြေတယ်။
မိဘတွေဟာ အိုမင်းသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သူတို့ရဲ့ချစ်ခြင်းက သင့်အပါးတစ်သက်လုံး မခွဲမခွာရှိနေခဲ့ပါတယ်။....
( နိုင်းနိုင်းစနေ ဘာသာပြန်သည်)

Saturday, February 18, 2012

ဗိုလ်ချုပ်အဖြစ် သရုပ်​ဆောင်ချင်သူများ​ ​လျှောက်ထား​နိုင်ပြီ

ဒေါ်​အောင်ဆန်း ​စုကြည်ရဲ့​ ဦး​ဆောင်မှုနဲ့​ ရိုက်ကူး​ဖို့​ စီစဉ်​နေတဲ့​ ဗိုလ်ချုပ်​အောင်ဆန်း​ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား​မှာ ဗိုလ်ချုပ်​အောင်ဆန်း​အဖြစ် သရုပ်​ဆောင်လိုတဲ့​ သရုပ်​ဆောင်သစ်​တွေ စတင်​လျှောက်ထား​နိုင်ပြီလို့​ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်​မြောက်​ရေး​ အဖွဲ့​က ​ပြောပါတယ်။
 
လျှောက်ထား​ မယ့်​သူဟာ အသက် ၂၀ နဲ့​ ၃ဝ အကြား​ မြန်မာနိုင်ငံသား​ ဘယ်သူမဆို ​လျှောက်ထား​နိုင်ပြီး​ ပါဝင် သရုပ်​ဆောင်လိုတဲ့​ အဓိက အ​ကြောင်း​အရင်း​ကို စာ​ကြောင်း​ ၁၀ ​ကြောင်း​မှ ၃၀ အထိ ​ရေး​သား​ကာ သတ်မှတ်ထား​တဲ့​ ​လျှောက်လွှာပုံစံဖြည့်​ပြီး​ ဓာတ်ပုံ​တွေနဲ့​တကွ ​လျှောက်ထား​နိုင်တယ်လို့​သိရပါတယ်။ 

ဗိုလ်ချုပ်​ အောင်ဆန်း​နဲ့​ရုပ်တူသူကို အဓိကထား​ ​ရွေး​ချယ်မှာဖြစ်တယ်လို့​ ရုပ်ရှင်ဖြစ်​မြောက်​ရေး​အဖွဲ့​ဝင် ဒါရိုက်တာ ကြည်ဖြူသျှင်က ​ပြောပါတယ်။

Friday, February 10, 2012

တကယ်ဆိုရင် ဖုးစာပဲလိုတယ်


 2ပေ 7 လက်မနဲ့  5ပေ 8 လက်မဖူးစာစုံတဲ့ပွဲ

အချင်းချင်း မခွပ်ကြနဲ့  အမောင်ခွပ်ဒေါ်င်းတို့ 

ဘွဲ့လွန်ပညာသင်ဆု နော်ဝေ နိုင်ငံက ဘွဲ့လွန်ပညာသင်ဆု

ဘွဲ့လွန်ပညာသင်ဆု နော်ဝေ နိုင်ငံကနေ အေအိုင်တီ (Asian Institute of Technology, AIT) မပာာတန်း အတွက် တစ်နှစ်ကို မြန်မာကျောင်းသား ၄၀ နှုန်းနဲ့၃ နှစ်စာ ပညာသင်ဆုပေးမယ့်အကြောင်းကြေငြာလိုက်ပါတယ်။ အေအိုင်တီ ၀င်ခွင့်ရတဲ့ မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင် ပြီး ၂၀၁၂ သြဂုတ်လ စာသင်နှစ်ကနေစမှာဖြစ်ပါတယ်။ ဒီပညာရေးထောက်ပ...ံ မှုမှာ ကျောင်းလခ သုတေသနစရိတ် နေထိုင်စားသောက်စရိတ် ရန်ကုန် ဘန်ကော...က်လေယာဉ်လက်မှတ် ပညာရေးခရီးစာရိတ်များပါဝင်ပါတယ်။ ဒီပညာသင်ဆု လျှောက်ဖို့အတွက် စာမျက်နှာ ၃ မျက်နှာ ရှိတဲ့ မြန်မာဘာသာနဲ့ရေးသားထားတဲ့ စာစီစာကုန်း ကို ကျောင်းဝင်ခွင့်လျှောက်ထားချက်နဲက အတူ တင်ရမှာဖြစ်ပါတယ်။ စာစီစာကုန်းမှာ အေအိုင်တီကို လျှောက်ရတဲ့ အကြောင်းအရင်း၊ ဒီပညာသင်ကြားမှုကနေတဆင့် မြန်မာ နိုင်ငံအတွက် ရေတို ရေရှည် ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်မယ်ဆိုတာကို ရေးသားရမှာဖြစ်ပါတယ်။ အေအို်င်တီကနေ မြန်မာပြည်မှာလာရောက် လူတွေ့စစ်ဆေးပြီး သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာဋ္ဌာနများကနေ အပြီးသတ်ရွေးချယ်မှာဖြစ်ပါတယ်။ မြန်မာပြည်မှာလဲ လျှောက်ထားမှုလက်ခံဆောက်ရွက်ရေးရုံးဖွင့်လှစ်ဖို့ ရှိပြီး အသေးစိတ် သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ ကြေငြာချက်မှာပါပါတယ်။
ဒီလင့်ခ်ကိုနှိပ်ပါ

Wednesday, February 8, 2012

စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူ

" ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေ သူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို အင်တာနက်ပေါ်တင်မည်ဟု ခြိမ်းခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း "

မတ်လ ၁၅ ရက်မှာ Facebook ဇာတ်သိမ်ြး​ပီ ...



Facebook ကိုလာမည့် မတ်လတွင် အဆုံးသတ်မည် ဖြစ်ကြောင်း Mark Zuckerberg က ကြေငြာလိုက်သည်။ အဆိုပါ site ကို စီမံခန့် ခွဲရခြင်းသည် အလွန်စိတ်ဖိစီးလာ၍ဖြစ်သည်။ " Facebook ကို ထိန်းချုပ် လို့ မရတော့ဘူး " ဟု Mark Zuckerberg က ကယ်လီဖိုးနီးယား ပြည်နယ်၊ ပယ်လိုအယ်တို ၌ ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ပြောကြားခဲ့သည်။

" ဒီကုမ္ပဏီ ကို စီမန်ခန့် ခွဲရတဲ့စိတ်ဖိစီးမှု့ကြောင့် ကျွန်တော့် ဘ၀လည်း ပျက်ပြီ၊   ဒီရူးသွပ်မှု အားလုံးကို ကျွန်တော် အဆုံးသတ်ဖို့ လိုပါတယ် " ဟု ၄င်း က ဆက်လက်ပြော ကြားခဲ့သည်။ 

Tuesday, February 7, 2012

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု

 
၂၀၁၀ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ မှ အကယ်ဒမီ ရွှေစင်ရုပ်တွေကို ဆွတ်ခူး ရရှိသွားသူတွေကတော့

အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု " အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ဇာတ်ကား "
အကောင်းဆုံး ဒါရိုက်တာဆု " ခင်မောင်ဦး၊ စိုးသိမ်းထွဋ် " (ပင်လယ်ထက်ကနေ၀န်းနီ )
အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု " ပန်းချီစိုးမိုး " (ပင်လယ်ထက်ကနေ၀န်းနီ)
အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု " ပြေတီဦး " (အာဒမ်ရယ် ဧ၀ရယ် ဒသရယ် )
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု " ဝေဠုကျော် " (ပင်လယ်ထက်ကနေ၀န်းနီ)
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု " သက်မွန်မြင့် " ( အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်)
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု " ၀ါဝါအောင် " (အမေ့ကျေးဇူးဆပ်ဖူးချင်တယ်)
အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု " ဦးမြင့်ခိုင် " (ပင်လယ်ထက်ကနေ၀န်းနီဇာတ်ကား)
အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု " မြန်မာပြည်ကျောက်စိမ်း " ( အငိုမျက်လုံးအပြုံးမျက်နှာ)
အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု " ခင်မောင်ဦး၊ စိုးသိမ်းထွဋ် " (ပင်လယ်ထက်ကနေ၀န်းနီ) တို့ကရရှိသွားပါတယ်။

Monday, February 6, 2012

"ရာစုနှစ်ရဲ့ကြေကွဲစရာအကောင်းဆုံးဓါတ်ပုံ"

အဆိုပါဓါတ်ပုံကိုရိုက်ကူးခဲ့သူရဲ့နာမည်က ကီဗင်ကာတာပါ။ ဒီဓါတ်ပုံကတော့ တကယ့်ကိုကြေကွဲဝမ်းနည်းစရာကောင်းလှပါတယ်။
ထိုကလေးသူငယ်ကို မကယ်တင်ပဲ ထိုဓါတ်ပုံရိုက်ကူးပြီး ချက်ချင်းထွက်ခွာသွားခဲ့ သူ ဓါတ်ပုံဆရာအပါအ၀င် မည်သူမျှ ထိုကလေးငယ်ရဲ့ နောက်ဆက်တွဲကံကြမ္မာ မည်သို့ ဆက်ဖြစ်ခဲ့သည်ကိုမသိရှိခဲ့ကြရပါဘူး။

၁၉၉၃ ခုနှစ်၊ မတ်လ တွင် ကီဗင်ကာတာတစ်ယောက် ဆူဒန်နိုင်ငံတောင်ပိုင်းသို့ ခရီးထွက်ခဲ့ပြီးယခုဓါတ်ပုံ ကိုရိုက်ယူခဲ့တာဖြစ်ပါတယ်။ ထိုဓါတ်ပုံဟာသူ့ ကို နာမည်ကျော်ပူလစ်ဇာဆုကိုဆွတ်ခူးရယူနိုင်စေခဲ့သလိုသူ့ ရဲ့ သေမင်းကိုပါယူဆောင်လာခဲ့ပါတယ်။

Sunday, February 5, 2012

အကယ်ဒမီဗေဒင် အထူးဟောပြောချက်

၂၀၀၉ ခုနှစ်အတွက်ချီးမြှင့်သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် (အကယ်ဒမီ)ရရှိသူများ

အကယ်ဒမီ ဆုပေးပွဲကြီးကျင်းပမည့်ရက် နီးကပ်လာပါပြီ။ ယခုနှစ်ဟာ ၂၀၁၀ ပြည့်နှစ်အတွင်း ပြသခဲ့သည့် ဇာတ်ကားတွေထဲမှ ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပေမယ့် တကယ်တမ်းဆုပေးသည့်နှစ်ကတော့ ၂၀၁၂ ခုနှစ်ထဲမှာဖြစ်သည်။ ဒါကြောင့် ၂၀၁၀ ခုဆိုတဲ့ (မြန်မာသက္ကရာဇ် ၁၃၇၁ ကို) ဗေဒင်ပညာရပ်ဖြင့် လေ့လာဆန်းစစ်ရမည်ဖြစ်သလို ၂၀၁၂ (မြန်မာသက္ကရာဇ် ၁၃၇၃ ကိုလည်း) လေ့လာဆန်းစစ်သွားမည်ဖြစ်သည်။
ဆုပေးပွဲကျင်းပမည့် ၁၃၇၃ ခုကို မဟာဘုတ်ဇာတာခွင်ချကြည့်လိုက်တဲ့အခါ
အထက်ပါအတိုင်း မဟာဘုတ်ခွင်မှာ တွေ့ရမှာဖြစ် ပါတယ်။

Wednesday, January 11, 2012

Valentine day ဖြစ်ပေါ်လာပုံေ​လးပါ

ပဲရစ်မှာရှိတဲ့ ဘာသာစကားပေါင်း ၃၁၁ မျိုးနဲ့ ရေးထားတဲ့ "ချစ်တယ်"ဆိုတဲ့ နံရံမှာ ချစ်သူနှစ်ဦး ဓာတ်ပုံရိုက်နေတဲ့ ပုံပါ။
အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ Valentine လို့ ခေါ်တဲ့ဘုန်းတော်ကြီးတပါး နေထိုင်တယ်။ရောမလူမျိုး ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး အဲဒီဘုန်းတော်ကြီးကို လေးစားကြတယ်။ ကိုးကွယ်ကြတယ်။ အမြဲလိုလို လူစု လူဝေးနဲ့ ဘုရားရှေ့ ထွန်းညှိထားတဲ့ မီးလျှံတွေ ကြားမှာ ဘုန်းတော်ကြီးရဲ့ဆုတောင်းမှုကို နာယူကြတယ်။

ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းက ပြည်သူတွေကိုအထာမ သိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ ယောက်ျားသားတွေကမိသားစုနဲ့ ချစ်သူတွေကို မခွဲချင်ကြဘူး။ Claudius ရဲ့ ရက်စက်ပုံက လူတွေကိုမင်္ဂလာ မဆောင်ရလို့ အမိန့်ထုတ်ခဲ့တယ်။ စေ့စပ်ထားကြတဲ့ လူတွေကိုလဲ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ လူငယ်အများက ချစ်သူကို နုတ်ဆက်ပြီး စစ်မြေပြင်ကို ထွက်ခဲ့ ကြရတယ်။ မိန်းကလေးတွေ ကလဲချစ်သူတွေကို ဆုံးရှုံး လွမ်းဆွတ်ပြီး ကျန်နေခဲ့ရတယ်။