Saturday, August 11, 2012

အမေရိကန်ရှိ ဦးသန့်ကျွန်း (U Thant Island)

ပုံမှာ မြင်တွေ့နေရတဲ့ ကျွန်းကို ဦးသန့်ကျွန်းလို့ အမည်ပေးထားကြပါတယ်။ နယူးယောက်စီတီး Manhattan မှာ ရှိတဲ့ ကျွန်းဖြစ်ပါတယ်။

ကုလသမဂ္ဂရုံးချုပ်အနီးမှာ တည်ရှိပြီး အတိအကျပြောရမယ်ဆိုရင် UN Headquarter န
ဲ့ Gantry Plaza State ပန်းခြံ တို့ရဲ့ ကြားမှာ ရှိတဲ့ East River က ကျွန်းငယ်လေး ဖြစ်ပါတယ်။ အမှန်တော့ ယင်းကျွန်းဟာ သဘာဝကျွန်းမဟုတ်ပဲ လူလုပ်ကျွန်းဖြစ်ပါတယ်။ ၁၉၈၀ နောင်းပိုင်းက ဂျာမနီလူမျိုး အမေရိကန်ရောက် စီးပွားရေး လုပ်ငန်းရှင်က ဝီလီယျံ စတိန်းဝေးမှ ပြုလုပ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အမှန်တော့ မြစ်တစ်ဖက်ကမ်းနဲ့ တစ်ဖက်ကမ်း ရေအောက်ဖြတ် ရထားလိုဏ်ဂူဆောက်ဖို့ ဖြစ်ပါတယ်။

ယင်းအစီအစဉ်ကြောင့် ကျွန်းငယ်လေးကိုပါလုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ယင်းကျွန်းဆီကို ရေပေါ်ကော လိုဏ်ဂူကပါ အရောက်သွားနိုင်အောင် ပြုလုပ်ထားပါတယ်။


ယင်းကုန်းမြေလေးကို ၁၉၇၇ ခုနှစ်ရောက်မှ ကျွန်းတစ်ခုအဖြစ် ကုလသမဂ္ဂဝန်ထမ်းများရဲ့အားထားလေးစားတဲ့ ဒဿန ပညာရှင်၊ ဂုရု Sir Chinmoy က ဦးဆောင်ပြီး အတည်ပြုပေးလိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ၉.၄ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်း

ကမ္ဘာ့ဈေးအကြီးဆုံးဖုန်း

ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းကို အင်္ဂလန်နိုင်ငံ၊ လီပါဗူးမြို့က Stuard hughes အမည်ရ ကုမ္မဏီမှ ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းက ထုတ်ဖော်ပြသခဲ့ပါတယ်။ လူသုံးကုန်ပစ္စည်းများကို ဇိမ်ခံပစ္စည်းအဖြစ် ပြောင်းလဲပေးနေတဲ့ ကုမ္မဏီတစ်ခု ဖြစ်သည့်အား လျော်စွာ ကမ္ဘာ့ဈေးအကြီး ပစ္စည်းများကို ဖန်တီးပေးခဲ့ပါတယ်။

ယင်းဖန်တီးမှုများမှ တစ်ခုကတော့ ကမ္ဘာ့ဈေးအကြီးဆုံးဖုန်း ဖြစ်ပါတယ်။ Apple မှ ထုတ်တဲ့ iPhone 4S ကို စိန်၊ ရွှေ၊ ပလက်တီနမ် နဲ့အခြား ရှားပါး ကျောက်မျက်ရတနာများနဲ့ အလှဆင်ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ ၁၀၀ ကာရပ်အဆင့် သန့်စင်ပြီးဖြစ်တဲ့ အပြစ်အနာအဆာမရှိ စိန်ပေါင်း အလုံး ၁၀၀ ပါဝင်ပါတယ်။ အနောက်ဘက် ကာဗာကို ၂၄ ကာရက် ရွှေ၊ Apple လိုဂို အမှတ်တံဆိပ်ကို စိန် ၅၃ လုံး၊ ၂၄ ကာရက်ရွှေ တို့နဲ့ ဖန်တီးထားပါတယ်။