Saturday, October 15, 2011

မမလေး ကိုင်စရာ

မမလေး ကိုင်စရာဆိုလို့ တစ်ခြား ဟုတ်ပါရိုးလားနော်။ တန်ဖိုးကြီး လှပတဲ့ အမျိုးသမီး လက်ကိုင်အိတ်အကြောင်း  ပြောပြချင်တာပါ။
Ginza Tanaka’s Studded Diamond Platinum Purse    Price: $ 2 Million
ပုံမှာ တွေ့ရတဲ့ လက်ကိုင်အိတ်ဟာ ပလက်တီနမ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး စိန်ပွင့်တွေနဲ့ မြုပ်နှံ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်.. လန်ဒန်ကျောက်မျက်ရတနာ ဆိုင်ကြီးတစ်ခုမှာ ခင်းကျင်း ပြသထားတာဖြစ်ပြီး ဂျပန် ဒီဇိုင်နာ Ginza Tanaka ရဲ့ လက်ရာဖြစ်ပါတယ်။ စိန်ပွင့်ပေါင်း ၂၀၀၀ ကျော်ခန့်ပါဝင်တာကြောင့် တန်ဖိုးလည်း အလွန်တရာ ကြီးမားလှပါတယ်။ ဒေါ်လာ နှစ်သန်း ( $ 2,000,000 ) ခန့် တန်ကြေးရှိကြောင်း သိရပါတယ်။

Monday, September 19, 2011

The Famous Burmese Classical Musician MAR MAR AYE’s Concert in the evening of Auckland New Zealand

The Burmese Classic Singer, Mar Mar Aye, will be visiting New Zealand from 02 October 2011 to 17 October 2011. She will be performing a night concert in Auckland along with New Zealand based Classic lovers, Burmese Traditional Dancers and Auckland Based LIVE Band - The Four Star.

We, Burmese Community in New Zealand, like to invite all of you to come and join Classical World with us.!!!!

Thinking about what to do on a Saturday? Come to the event with your friends and family! Relax, Celebrate and Enjoy! Come join in the fun and show your support.

Saturday, July 23, 2011

သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ

မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား….? အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှအင်အား ထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့
တွက် ဖျံသွေးဟာအချိန်တိုအတွင်းမှာ ခဲသွားပါတယ်

Saturday, May 28, 2011

ကမ္ဘာကြီးပေါ်၌ အချမ်းသာဆုံး သူ ၏အကြောင်း

ဘီလ်ကိတ် ကွန်ပြူတာ ဆော့ဝဲလ်သူဌေးကြီး Bill Gates 





ကျွန်တော်တို့ အသက်ရှင်နေထိုင်ရာ ဤကမ္ဘာကြီးပေါ်၌ ဥစ္စာဓနကြွယ်ဝဆုံး၊အချမ်းသာဆုံး ပုဂ္ဂုလ် အဖြစ် ၁၁ နှစ်တိုင်တိုင် နေရာယူခဲ့ဖူးပါသည်။ သူပိုင်ဆိုင်သည့် ဒေါ်လာငွေစက္ကူများကို ဆက်ကြည့်လိုက်လျှင် လနှင့် ကမ္ဘာကြား ၆ ခေါက်လောက် ဆက်မှ ကုန်သွားမည်ဟု ဆိုပါသည်။ သူလျှောက်လှမ်းသွားရာ တစ်နေရာ၌ တစ်ဒေါ်လာတန် ငွေစက္ကုတစ်ရွတ်ကျနေမည် ဟုဆိုပါအံ့။ သူ့အနေနှင့် လှမ်းကောက်ယူရန် မသင့်ဟု ဆိုကြပြန်ပါသည်။

သူတစ်ဒေါ်လာတန်ကိုကောက်ယူရမည့် အချိန်မှာ တစ်စက္ကန့်လောက် ကြာညောင်းမည် ဖြစ်ရာ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ၄ ဒေါ်လာလောက် ၀င်ငွေ ရှိနေတော့ တစ်မိနစ် ဒေါ်လာ ၁၄၀။ တစ်နာရီ ဒေါ်လာ ၁၄၄၀၀။ တစ်ရက်ဆိုတော့ ဒေါ်လာ ၃၄၅၆၀၀၊ ဒေါ်လာ သုံးသိန်းခွဲနီးပါး။ ဒါ့ကြောင့်လဲ ၅၈ ဘီလျှံ ပိုင်ဆိုင်သူ အဖြစ် ကမ္ဘာ့ အချမ်းသာဆုံးနေရာမှာ သူဆယ်စုနှစ်စွန်းသည်အထိ ရှိနေခဲ့ခြင်းဖြစ်ပါလိမ့်မည်။ 

Monday, May 16, 2011

ဆာမိုအာကျွန်း နိုင်ငံငယ်တွင် အချိန်ကို အနာဂတ်သို့ တစ်ရက်ကျော်ပစ်မည်

ကမ္ဘာကြီး၏ အနောက်ဘက် အကျဆုံးနေရာ၊ အပြည်ပြည်ဆိုင်ရာ ရက်စွဲမျဉ်းနှင့် မိုင် ၂၀ အကွာတွင် ရှိသော ဆာမိုအာကျွန်းသည် ခရီးသွားများအတွက် ကျောက်ဆောင် ထူထပ်သော မူလင်နူအူ အငူဖြင့် ထင်ရှားသည့် အရပ်ဒေသ ဖြစ်သည်။
နေ၀င်သည်ကို နောက်ဆုံး ကြည့်နိုင်သော တောင်ပစိဖိတ်ကျွန်း နိုင်ငံငယ်သည် ယခုအခါ အချိန်ကို အနာဂတ်သို့ တစ်ရက်ရွှေ့ပစ်ပြီး နေ့သစ်ကို ပထမဆုံး ကြုံတွေ့ရသည့်နိုင်ငံ ဖြစ်လာရန် ပြောင်းလဲတော့မည် ဖြစ်သည်။
အမေရိကန်၊ ဗြိတိန်တို့နှင့် ယခင်က ကုန်သွယ်ခဲ့သော ဆာမိုအာသည် ယခုအခါ သြစတြေးလျ၊ နယူးဇီလန် တို့နှင့် ကုန်သွယ်မှု များလာခြင်းနှင့်အတူ ၎င်းတို့နှင့် စံတော်ချိန် တူစေရန် ယခု အပြောင်းအလဲသည် လိုအပ်လာသည်ဟု ၀န်ကြီးချုပ် တူလေပါလူပီဆိုလီယာအီဆေလ်လီလီ က ပြောကြားခဲ့သည်။

Sunday, May 15, 2011

ရှာရှာဖွေဖွေ စပ်မိစပ်ရာလေးတွေ ပါ

(၁)  အမြန်ဆုံးပြေးနိုင်တဲ့ ကုန်း သတ္တ၀ါတွေဟာ တောလိုက် ကျားသစ် ပဲ ဖြစ်ပါတယ် ။
      တစ်နာရီမှာ ကီလိုမီတာ တစ်ရာကျော် ထိပြေးနိုင်ပါတယ် ။




(၂) ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ဖူးသမျှ သက်ရှိသတ္တ၀ါတွေထဲမှာ ဝေလငါး ဟာ အကြီးဆုံး ဖြစ်ပါတယ် ။
     ကုန်းသတ္တ၀ါတွေထဲမှာလဲ ဝေလငါး အရွယ်အစားလောက် ကြီးမားတဲ့သတ္တ၀ါမျိုး မပေါ်ပေါက်ခဲ့ဖူးပါဘူး ။
      ဘာကြောင့်လဲ ဆိုတော့ အဲဒီလောက်လေးတဲ့ သူတို.ရဲ့ ခန္ဓာကိုယ် ကို သူတို. ထောက် ကန် ပင့် မ မထားနိုင်လို.ပါ ။
   




(၃) အိုလံပစ် အလံ ရဲ့ အဖြူရောင်အောက်ခံပေါ်မှာ တစ်ခု နဲ့ တစ်ခု ဆက်ယှက်ထားတဲ့ ရောင်စုံ ကွင်း ငါး ကွင်းဟာ
     လူသားတိုးမှီတင်းနေထိုင်ကြတဲ့ တိုက်ကြီး ငါးတိုက်ကို    ကိုယ်စားပြုပါတယ် ။
     အာဖရိကတိုက် ၊ အမေရိကတိုက် ၊ အာရှတိုက် ၊ ဥရောပတိုက် ၊ သြစတေးလျတိုက် တို.ပဲ ဖြစ်ပါတယ် ။




(၄) ခလောက်မြွေ ရဲ့ ခေါင်းကို ဖြတ်လိုက်လို.ပြတ်သွားတဲ့ခေါင်း
ဟာ ခေါင်းပြတ်ပြီးနောက် မိနစ် နှစ်ဆယ် ကျော်ကျော်ကြာတဲ့အထိ
     ကိုက်နိုင်သေးတယ် ၊ အဆိပ်ထုတ်နိုင်သေးတယ် ။
     Rattlesnake.jpg Rattlesnake 2.jpg  (*** ခလောက်မြွေပုံပါ ။ )
  

Saturday, March 26, 2011

သင်္ကြန်သံချပ်၊ ကက်ဆက်ဇာတ်လမ်း၊ ဗီဒီယိုဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်စတဲ့ လှုပ်ရှားမှုများနဲ့ အနုပညာခရီးကို ကာလရှည် လျှောက်လှမ်းလာခဲ့သူ ဗေလုဝရဲ့ငယ်ဘဝ

မြန်မာတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ မဟာသင်္ကြန်ပွဲကို ဆင်နွှဲဖို့ ရက် ၂၀ သာလိုပါတော့တယ်။မဟာ သင်္ကြန်အကြောင်းကို တွေးတောမိ စဉ်မှာပဲ "မောင်မောင်ဆိုလေထီးရိုးရှည်"အဖွဲ့ရဲ့ သင်္ကြန်သံချပ် ဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေသိရှိထားတဲ့ မောင်မောင်မြင့်အောင်(ခေါ်) ဗေလုဝ ကို သတိရမိခဲ့ပါတယ်။ ဒါကြောင့် လည်းသင်္ကြန်နဲ့ အမှတ်တရတွေရှိခဲ့ တဲ့ ဗေလုဝရဲ့ငယ်ဘ၀ကိုတင်ပြပေး ဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။
ဗေလုဝဆိုလိုက်တာနဲ့ လွန်ခဲ့ တဲ့နှစ် ၂၅ ၀န်းကျင်က ရန်ကုန်မြို့ ရဲ့သင်္ကြန်ကာလတွေမှာ  ဂန္ထ၀င် မောင်ဝိုင်းဦးဆောင်တဲ့ "မောင်မောင် ဆိုလေထီးရိုးရှည်" သင်္ကြန်သံချပ် ဖျော်ဖြေမှုတွေမှာ မောင်မောင်မြင့် အောင်အမည်နဲ့ တက်ကြွစွာ လှုပ်ရှားခဲ့တာတွေကို ပရိသတ်များကအောက်မေ့ သတိရကြမှာပါ။ သင်္ကြန်ရောက်ရင် သူတို့အဖွဲ့မပါရင်မပြီးခဲ့ပါဘူး။ အစ်ကိုဖြစ်သူ ဂန္ထ၀င်မောင်ဝိုင်းရဲ့ ဦးဆောင်မှုတွေအပြင် ကိုယ်တိုင်သင်္ကြန် သံချပ်ခေါင်းဆောင်အဖြစ် သူငယ်ချင်းများနဲ့စုစည်းပြီး သင်္ကြန်သံချပ်များစွာကိုလည်း ဖန်တီးလုပ်ဆောင်ခဲ့သူပေါ့။

Friday, March 18, 2011

နယူကလီယား အရည်ပျော် ကျခြင်း ( Nuclear Melted down) ဆိုတာဘာလဲ


နယူကလီယားအရည်ပျော်ကျခြင်းဆိုတာကိုနားလည်အောင်ပြောရမယ်ဆိုရင်တော့ မီးဖိုပေါ်က အိုးတလုံးထဲမှာ ငပိရည်ကို ကြိုလိုက်ပါ။ ရေတွေလုံးဝခန် သွားတဲ့အခြေအနေမှာ ငပိတွေတူးမယ်။ အနံထွက်မယ်။ မီးခိုးတွေထွက်လာမယ်။ ရုပ်ပြက်ဆင်းပြက် ဖြစ်ပြီး ဘေးအခန်းတွေ ထွက်ကြည့်လာမယ်။ ဒီအခြေအနေကို မထိမ်းသိမ်းနိင်ဘူးဆိုရင်မီးလောင်နိင်တဲ့အထိဖြစ်လာနိင်မယ်။ 

ဒီအခြေအနေကို ငပိအိုးတူးတယ် လို့ အရပ်ထဲမှာ သုံးကြပါတယ်။ နယူကလီးယားအရည်ပျော်ခြင်း(  Nuclear Melted Down)ခင်း ဆိုတာလဲ နယူကလီယားချောင်းတွေထည့်ထာတဲ့အိုထဲမှာရေ တွေခန် သွာတာဖြစ်ပါတယ်။ မီခိုထွက်လတယ်။ အပူထွက်တယ်။ ဒါကကိုနယူကလီယားတူးခြင်းလို့  သုံး သော် ရ၏ လို့ ဆိုခြင်ပါတယ်။ ငပိအိုထက်ဆိုတာကတော့ နယူကလီယာ ကနေ ဓါတ်ရောင်ခြည် (  Radiations)  တွထွက်လာမယ်။ လူတွေကိုဒုက္ခပေမယ်။ သဘ၀ပတ်ဝန်ကျင်ကိုဖျက်ဆီးပြစ်မယ်။  

Monday, March 14, 2011

ထမင်းစားစရာ ပန်းကန်ပြား၊ မတ်ခွက်ကအစလိုတာ ကျုပ်အခုသိသွားပြီ။ ပြန်လိုက်အုံးမယ်

 - ဂျပန်ငလျင်မှာ သေဆုံးတဲ့နှုန်းများလာလို့ ဂျပန်ဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေ
နှစ်ဆ တိုးလုပ်ဖို့ နဲ့ ဂျပန် စစ်သား တသိန်း (ဂျပန်စစ်တပ်ရဲ့ ၄၀ %) ကို တာဝန်ပေးလိုက်ပြီ။
- တရုတ်ငလျင်မှာ တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ဘာပြောခဲ့သလဲဆိုတော့
ငလျင်ဒဏ်ခံပြည်သူတွေအတွက် တမိနစ်တောင် အလဟသ အဖြစ်မခံနိုင်ဘူး၊
တမိနစ် တစက္ကန့်ဟာ ကလေးတယောက်ရဲ့ အသက်နဲ့ ညီမျှတယ်တဲ့။
- ဗမာပြည် နာဂစ်မုန်တိုင်းဖြစ်တော့ အဲဒီတုန်းက ၀န်ကြီးချုပ်ဆိုတဲ့ သိန်းစိန် ဘာပြောခဲ့သလဲ။
ကျုပ်အခုလာတာ ဘာမှမပါသေးဘူး ခင်ဗျားတို့ ဘာလိုအပ်လဲဆိုတာ လာကြည့်တာ၊
ထမင်းစားစရာ ပန်းကန်ပြား၊ မတ်ခွက်ကအစလိုတာ ကျုပ်အခုသိသွားပြီ။ ပြန်လိုက်အုံးမယ်တဲ့
မှတ်ချက်။  ။ အဲသလို အသိဥာဏ်မြင့်မားလှတဲ့ ဗမာပြည်ရဲ့ ၀န်ကြီးချုပ်ကြီးက အခု ဗမာပြည်ရဲ့ သမ္မတ တဲ့။  ဟူး။

(သားဆွေ) 

Sunday, March 13, 2011

ဘီလ်ကိတ်ပြောတဲ့ အကြံဥာဏ် (၁၁)ခု

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ် ပေး ဟောပြောခဲ့ပါတယ်။

 ၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

 ၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

Thursday, March 3, 2011

ကမ္ဘာ့ အံ့သြဖွယ် ဖြစ်ရပ် (၁၀) ခု

(၁) စင်္ကာပူ ကမ်းလွန်ပင်လယ်တွင်းမှ တစ္ဆေသင်္ဘောအုပ်စုကြီး

အမေရိကန်နှင့် ဗြိတိသျှ ရေတပ်နှစ်ခု၏ ရေငုပ်သင်္ဘောများပေါင်းသည်ထက်ပင် တစ္ဆေသင်္ဘောအရေအတွက်က များပြားနေပေသည်။ သင်္ဘောများပေါ်တွင် လူလည်းမပါ၊ ကုန်လည်းမပါ။ ကမ္ဘာ့စီးပွားပျက်ကပ် ကာလအတွင်းက သင်္ဘောလုပ်ငန်းအေဂျင်စီ အချို့ကစွန့်ပစ်ခဲ့သော သင်္ဘောများဟု တချို့က သုံးသပ်ပြောဆိုကြသည်။



Friday, January 28, 2011

ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ

သရုပ်ဆောင် အေးမြတ်သူ
သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာဆောင် ညစာစားပွဲ တက်သည့်ပုံများ ဖော်ပြခဲ့သည့် အတွက် ပြည်တွင်းဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။ 
ထွန်းအိန္ဒြာဗို
မင်္ဂလာဆောင် ညစာစားပွဲသို့ တက်ရောက် လာသည့် မင်းသမီးများ မလုံခြုံသည့် အ၀တ်အစားများ ၀တ်ထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သော မော်နီတာ ဂျာနယ်မှာ ထုတ်ဝေခွင့် ၂ ပတ် အပိတ်ခံရပြီး ဟယ်လို ဂျာနယ်မှာ ၁ ပတ် ပိတ်ခံခဲ့ရသည်။

“ကျနော်တို့ ဂျာနယ် ၂ ပတ်ပိတ်ခံရတာ ဟုတ်ပါတယ်။ မင်းသမီးတွေရဲ့ မလုံမခြုံ ၀တ်ထားတဲ့ ပုံတွေကို ဂျာနယ်မှာ ဖော်ပြခဲ့လို့ ပိတ်တယ်လို့ သိရပါတယ်” ဟု မော်နီတာ ဂျာနယ်မှ အယ်ဒီတာ တဦးက ပြောသည်။

Sunday, January 23, 2011

၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပ

၂၀၀၉ ခုနှစ်အတွက် ဆုချီးမြှင့်ခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့က နေပြည်တော်၌ ပဉ္စမအကြိမ်မြောက် ပြုလုပ်ခဲ့ရာ အကယ်ဒမီဆုကို ပထမဆုံးရရှိသည့် အနုပညာရှင်ခြောက်ဦး ပေါ်ထွက်ခဲ့သည့် အခမ်းအနားတစ်ခု ဖြစ်ခဲ့ပါသည်။ ယခု ပြုလုပ်ခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ပေးပွဲသည် (၅၄)ကြိမ်မြောက် အဖြစ် ကျင်းပခဲ့သော ထူးချွန်ဆုပေးပွဲ ဖြစ်ပါသည်။

Thursday, January 20, 2011

အဆိုတော်များ နာရေးအသင်း ဗီစီဒီ ရိုက်ကူး

လူမှုရေးနှင့် ငြိမ်းချမ်းရေး အမည်ရ တေးသီချင်းအပုဒ် ၃ဝ ကို အဆိုတော်နှင့် ဂီတပညာရှင် ၂ဝ ခန့် သီဆို၍ နာရေးကူညီမှုအသင်း (ရန်ကုန်) အလှူရှင်များသို့ ဂုဏ်ပြုလက်ဆောင်ပေးရန် ဗီစီဒီ ရိုက်ကူးနေကြသည်။

အသင်းလုပ်ဆောင်ချက်၊ ပေးဆပ်မှု မြင်ကွင်းများဖြင့် ပုံဖော်ရိုက်ကူးကာ အလှူရှင်များအတွက် အကန့်အသတ်ဖြင့် ပြန်လည်ပေးဝေရန် မနေ့မှစ၍ ရိုက်ကူးခြင်း ဖြစ်သည်။ သီချင်း ၃ဝ ကို ဗီစီဒီ ၃ ခွေ ထုတ်လုပ်မည် ဖြစ်သည်။

Tuesday, January 4, 2011

ကမ္ဘာ့အသက်အကြီးဆုံး ခလေးအဖေ

ရာမိခ်ျရာ၈တ်ဖ် နဲ့ ပထမဦးဆုံး သားဦးရတနာ
အိန္ဒိယနိုင်ငံသား အသက် ၉၄ နှစ်ရှိ ရာမိခ်ျရာ၈တ်ဖ် ( Ramage Raghav)ဟာ ကမ္ဘာ့အသက်အကြီးဆုံး ခလေးအဖေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူရဲ့ မိန်းမ ရှပ်ကုန္ဒလာဒေ၀ီ ( Shakuntala Devi) အသက် ၅၄ နှစ်နဲ့ ပထမဦးဆုံး သားဦးရတနာကို ရရှိခဲ့ပါတယ်။ သူတို့မိဘနှစ်ပါဟာ ဒီသားဦးရတနာလေးရတဲ့အတွက် အင်မတန်ကို ၀မ်းသာပီတိဖြစ်ကြရပြီး၊ ဒီသားလေးဟာ ဘုရားသခင်က သူတို့အတွက်ပေးတဲ့ လက်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။