Saturday, March 26, 2011

သင်္ကြန်သံချပ်၊ ကက်ဆက်ဇာတ်လမ်း၊ ဗီဒီယိုဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်စတဲ့ လှုပ်ရှားမှုများနဲ့ အနုပညာခရီးကို ကာလရှည် လျှောက်လှမ်းလာခဲ့သူ ဗေလုဝရဲ့ငယ်ဘဝ

မြန်မာတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ မဟာသင်္ကြန်ပွဲကို ဆင်နွှဲဖို့ ရက် ၂၀ သာလိုပါတော့တယ်။မဟာ သင်္ကြန်အကြောင်းကို တွေးတောမိ စဉ်မှာပဲ "မောင်မောင်ဆိုလေထီးရိုးရှည်"အဖွဲ့ရဲ့ သင်္ကြန်သံချပ် ဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေသိရှိထားတဲ့ မောင်မောင်မြင့်အောင်(ခေါ်) ဗေလုဝ ကို သတိရမိခဲ့ပါတယ်။ ဒါကြောင့် လည်းသင်္ကြန်နဲ့ အမှတ်တရတွေရှိခဲ့ တဲ့ ဗေလုဝရဲ့ငယ်ဘ၀ကိုတင်ပြပေး ဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။
ဗေလုဝဆိုလိုက်တာနဲ့ လွန်ခဲ့ တဲ့နှစ် ၂၅ ၀န်းကျင်က ရန်ကုန်မြို့ ရဲ့သင်္ကြန်ကာလတွေမှာ  ဂန္ထ၀င် မောင်ဝိုင်းဦးဆောင်တဲ့ "မောင်မောင် ဆိုလေထီးရိုးရှည်" သင်္ကြန်သံချပ် ဖျော်ဖြေမှုတွေမှာ မောင်မောင်မြင့် အောင်အမည်နဲ့ တက်ကြွစွာ လှုပ်ရှားခဲ့တာတွေကို ပရိသတ်များကအောက်မေ့ သတိရကြမှာပါ။ သင်္ကြန်ရောက်ရင် သူတို့အဖွဲ့မပါရင်မပြီးခဲ့ပါဘူး။ အစ်ကိုဖြစ်သူ ဂန္ထ၀င်မောင်ဝိုင်းရဲ့ ဦးဆောင်မှုတွေအပြင် ကိုယ်တိုင်သင်္ကြန် သံချပ်ခေါင်းဆောင်အဖြစ် သူငယ်ချင်းများနဲ့စုစည်းပြီး သင်္ကြန်သံချပ်များစွာကိုလည်း ဖန်တီးလုပ်ဆောင်ခဲ့သူပေါ့။

Friday, March 18, 2011

နယူကလီယား အရည်ပျော် ကျခြင်း ( Nuclear Melted down) ဆိုတာဘာလဲ


နယူကလီယားအရည်ပျော်ကျခြင်းဆိုတာကိုနားလည်အောင်ပြောရမယ်ဆိုရင်တော့ မီးဖိုပေါ်က အိုးတလုံးထဲမှာ ငပိရည်ကို ကြိုလိုက်ပါ။ ရေတွေလုံးဝခန်းသွားတဲ့အခြေအနေမှာ ငပိတွေတူးမယ်။ အနံထွက်မယ်။ မီးခိုးတွေထွက်လာမယ်။ ရုပ်ပြက်ဆင်းပြက် ဖြစ်ပြီး ဘေးအခန်းတွေ ထွက်ကြည့်လာမယ်။ ဒီအခြေအနေကို မထိမ်းသိမ်းနိင်ဘူးဆိုရင်မီးလောင်နိင်တဲ့အထိဖြစ်လာနိင်မယ်။ 

ဒီအခြေအနေကို ငပိအိုးတူးတယ် လို့ အရပ်ထဲမှာ သုံးကြပါတယ်။ နယူကလီးယားအရည်ပျော်ခြင်း(  Nuclear Melted Down)ခြင်း ဆိုတာလဲ နယူကလီးယားချောင်းတွေထည့်ထားတဲ့အိုးထဲမှာရေ တွေခန်းသွားတာဖြစ်ပါတယ်။ မီးခိုးထွက်လာတယ်။ အပူထွက်တယ်။ ဒါကကိုနယူကလီယားတူးခြင်းလို့  သုံး သော် ရ၏ လို့ ဆိုခြင်ပါတယ်။ ငပိအိုးထက်ဆိုးတာကတော့ နယူကလီယား ကနေ ဓါတ်ရောင်ခြည် (  Radiations)  တွေထွက်လာမယ်။ လူတွေကိုဒုက္ခပေးမယ်။ သဘ၀ပတ်ဝန်းကျင်ကိုဖျက်ဆီးပြစ်မယ်။  

Monday, March 14, 2011

ထမင်းစားစရာ ပန်းကန်ပြား၊ မတ်ခွက်ကအစလိုတာ ကျုပ်အခုသိသွားပြီ။ ပြန်လိုက်အုံးမယ်

 - ဂျပန်ငလျင်မှာ သေဆုံးတဲ့နှုန်းများလာလို့ ဂျပန်ဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေ
နှစ်ဆ တိုးလုပ်ဖို့ နဲ့ ဂျပန် စစ်သား တသိန်း (ဂျပန်စစ်တပ်ရဲ့ ၄၀ %) ကို တာဝန်ပေးလိုက်ပြီ။
- တရုတ်ငလျင်မှာ တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ဘာပြောခဲ့သလဲဆိုတော့
“ငလျင်ဒဏ်ခံပြည်သူတွေအတွက် တမိနစ်တောင် အလဟသ အဖြစ်မခံနိုင်ဘူး၊
တမိနစ် တစက္ကန့်ဟာ ကလေးတယောက်ရဲ့ အသက်နဲ့ ညီမျှတယ်” တဲ့။
- ဗမာပြည် နာဂစ်မုန်တိုင်းဖြစ်တော့ အဲဒီတုန်းက ၀န်ကြီးချုပ်ဆိုတဲ့ သိန်းစိန် ဘာပြောခဲ့သလဲ။
“ကျုပ်အခုလာတာ ဘာမှမပါသေးဘူး ခင်ဗျားတို့ ဘာလိုအပ်လဲဆိုတာ လာကြည့်တာ၊
ထမင်းစားစရာ ပန်းကန်ပြား၊ မတ်ခွက်ကအစလိုတာ ကျုပ်အခုသိသွားပြီ။ ပြန်လိုက်အုံးမယ်” တဲ့
မှတ်ချက်။  ။ အဲသလို အသိဥာဏ်မြင့်မားလှတဲ့ ဗမာပြည်ရဲ့ ၀န်ကြီးချုပ်ကြီးက အခု ဗမာပြည်ရဲ့ သမ္မတ တဲ့။  ဟူး။

(သားဆွေ) 

Sunday, March 13, 2011

ဘီလ်ကိတ်ပြောတဲ့ အကြံဥာဏ် (၁၁)ခု

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ် ပေး ဟောပြောခဲ့ပါတယ်။

 ၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

 ၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

Thursday, March 3, 2011

ကမ္ဘာ့ အံ့သြဖွယ် ဖြစ်ရပ် (၁၀) ခု

(၁) စင်္ကာပူ ကမ်းလွန်ပင်လယ်တွင်းမှ တစ္ဆေသင်္ဘောအုပ်စုကြီး

အမေရိကန်နှင့် ဗြိတိသျှ ရေတပ်နှစ်ခု၏ ရေငုပ်သင်္ဘောများပေါင်းသည်ထက်ပင် တစ္ဆေသင်္ဘောအရေအတွက်က များပြားနေပေသည်။ သင်္ဘောများပေါ်တွင် လူလည်းမပါ၊ ကုန်လည်းမပါ။ ကမ္ဘာ့စီးပွားပျက်ကပ် ကာလအတွင်းက သင်္ဘောလုပ်ငန်းအေဂျင်စီ အချို့ကစွန့်ပစ်ခဲ့သော သင်္ဘောများဟု တချို့က သုံးသပ်ပြောဆိုကြသည်။