မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူအပေါင်း တိုဟာ နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့ ရောက်တိုင်း လူကြီးလူငယ် ရဟန်း မရွေး နှလုံးသားထဲမှာ ရင်နင့်ပူဆွေးဝမ်းနည်းမှုတွေ အလိုအလျှောက် ဖြစ်ပေါ်လာကြပါတယ်။ ကျဆုံးခဲ့သော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များကို အောင်းမေ့ဖွယ် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူတွေဟာ အာဇာနည်ကျောက်တိုင်မှာ လွမ်းသူပန်းခွေများချကာ အလေးပြု ကြပါတယ်။ ကျနော်တို့ မြ၀တီမြို့မှာတော့ ခေတ်အဆက်ဆက် ရှိပြီးဖြစ်တဲ့ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဗလီရှေ့ အာဇာနည်ကျောက်တိုင်နှင့် ကျောက်တိုင်မြေဟာ မသမာသူ အာဏာရှင်ဖြစ်ခဲ့တဲ့ ယခင် ကရင်ပယက ဗိုလ်မှူးကြီးစောခင်စိုးနဲ့ မြ၀တီခရိုင် ခယကအဖွဲ့ တို့ဟာ မြ၀တီမြို့နေ ပြည်သူကို ဂုတ်သွေးစုတ်နေတဲ့ ပြည်သူ့ချဉ်ဖတ် ဖြစ်တဲ့ တရုတ်အမျိုးသမီး ဒေါ်သင်းသင်မြတ် ဆိုသူကို ရောင်းစားလိုက်ပါတယ်။
Monday, March 19, 2012
Sunday, March 11, 2012
အီးမေးလ်ထဲက ပုံပြင်တိုလေး...
အမေအိုကို မကျွေးမမွေးနိုင်တော့တဲ့သားက အမေကို တောထဲမှာစွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ညနေမှာ သားက အမေကိုကျောပိုးပြီး တောထဲလျှောက်သွားကြည့်မယ်ဆိုတော့  အမေက ခက်ခက်ခဲခဲနဲ့ သားကျောပေါ်တက်လိုက်ခဲ့တယ်။ တောနက်နက်ထဲရောက်မှ အမေကိုပစ်မယ်လို့ သားကတွေးပြီး တောထဲဝင်ခဲ့တယ်။ အဲဒီမှာ အမေကိုသူငှဲ့ကြည့်တော့ အမေဟာ သူကျောပေါ်ကနေပြီး လမ်းတလျောက် ပဲစေ့တွေပစ်ချနေတာကို သူတွေ့လိုက်တယ်။
"အမေဘာလို့ ပဲစေ့တွေ ကျဲနေသလဲ"လို့ သူစိတ်တိုတိုနဲ့မေးတော့ အမေက "ခဏနေ သားပြန်ရင် သားလမ်းမှားမှာစိုးလို့ပါ"လို့ ပြန်ဖြေတယ်။
မိဘတွေဟာ အိုမင်းသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သူတို့ရဲ့ချစ်ခြင်းက သင့်အပါးတစ်သက်လုံး မခွဲမခွာရှိနေခဲ့ပါတယ်။....
( နိုင်းနိုင်းစနေ ဘာသာပြန်သည်)
Subscribe to:
Posts (Atom)

