ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ရန် လျှောက်ထားသူ၁၅၇ ဦးအနက်မှ ပဏာမရွေးချယ်သူ ၁၄ ဦးကိုထုတ် ပြန်ကြေညာခဲ့ကာ ဧပြီလ ၇ရက်နေ့ တွင် လူတွေ့စစ်ဆေးနိုင်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ပဏာမ အဆင့် လူရွေးချယ်ခြင်းကို မတ်လ ၂၄ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
“ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ဖို့ လျှောက်ထားလာသူတွေထဲက ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေ အားလုံး တိုင်ပင်ညှိနှိုင်းပြီး အနီးစပ်ဆုံးသူ ၁၄ ဦးကို ရွေးချယ်ထားပါတယ်။ အဲဒီ ၁၄ ဦးကို လူတွေ့စစ်ဆေးပြီး သွားမှ သရုပ်ဆောင်မယ့်သူကို ရွေးချယ်သွားပါမယ်။ ရွေးချယ်ပြီးသွားရင်တော့ ဗိုလ်ချုပ်ဇာတ်ရုပ် အဖြစ် သရုပ်ဆောင်နိုင်ဖို့ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်သွားမှာပါ”ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ရှင်းပြခဲ့သည်။
ပဏာမ ရွေးချယ်ထားသူ ၁၄ ဦးမှာ ဖြိုးတေဇာလင်း(ဘီးလင်း မြို့)၊ အောင်မိုးမင်း(ဆွာမြို့)၊ သိန်း ဇော်(လှိုင်သာယာမြို့နယ်)၊ အောင်မင်းထွေး(တောင်ဒဂုံမြို့နယ်)၊ နေဦး (ခ)နန္ဒမိုး (မြင်းခြံမြို့နယ်)၊ တင်ဆွေထူး(လှိုင်သာယာမြို့နယ်)၊ မောင်ကျောက်ခဲ(ပြည်ကြီးတံခွန်မြို့နယ်)၊ အောင်ဘိုဘိုဇင်(မြောင်းမြမြို့နယ်)၊ ဗိုလ်ထွေး(ခ)ခင်မောင်ထွေး (ချောင်းဆုံ မြို့နယ်)၊ ဘုန်းမြင့်ဌေးမော်(ကမာရွတ်မြို့နယ်)၊ ပန်းချီကိုသူ(ခ)ကျော်နန္ဒ(လှိုင်သာယာမြို့နယ်)၊ ထိန်မျိုးလင်း(ခ)ထိန်လင်း(ဒေါပုံမြို့နယ်)၊ အောင်ချမ်း(လားရှိုးမြို့နယ်)၊ သက်ဇော်ဝင်း(ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်) တို့ ဖြစ်သည်ဟု သိရှိရသည်။(Eleven Media Group)
|
Saturday, March 31, 2012
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ပဏာမရွေးချယ်သူ စာရင်းကို ထုတ်ပြန်ကြေညာ
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ
![]() | |||
ကော့မှူးမြို့နယ် ၀ါသိင်္ခရွာသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား
|
31 March 2012 23:48 ကလောမြို့နယ်တွင် မဲရုံပေါင်း ၁၃၂ ရုံ၊ မဲပုံး ၂၅၆ ပုံး၊ မဲလက်မှတ် စာအုပ်မှာ ၂၀၁၉ အုပ် ဖြစ်ကြောင်း၊ မဲပေးနိုင်သည့် ဦးရေ ကျား ၄၈၂၃၆ ဦး၊ မ ၅၀၁၅၇ ဦး၊ စုစုပေါင်း ၉၈၃၉၃ ဦးဖြစ်ကြောင်းနှင့် စစ်တပ်မှ မဲပေးနိုင်သူဦးရေမှာ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။ 31 March 2012 23:44 သုံးခွမြို့နယ်တွင် လူဦးရေ ၁၅၈၈၃၀ ရှိပြီး မဲပေးနိုင်သည့်ဦးရေမှာ ၁၁၂၇၉၀ ဖြစ်ကြောင်း၊ မဲရုံပေါင်း ၁၃၅ ရုံရှိကြောင်းနှင့် မြို့နယ်ကော်မရှင်က ကြိုတင်မဲ ၂၀၀၀ မကျော်စေရကြောင်း ပြောကြားထားပြီး ယင်းအနက် ၁၆၅၀ ကို NLD က ရရှိခဲ့ကြောင်း သိရသည်။ |
ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှုးမြို့နယ်မှတယ်လီဖုန်းဆက်သွယ်ရေးလိုင်းအား အာဏာပိုင်တို့ဖြတ်တောက်လိုက်ပြီ
ကော့မှူးမြို့နယ်တွင်အာဏာပိုင်တို့ကတယ်လိုင်းဖုန်းဆက်သွယ်ရေးလိုင်းများအား ဖြတ်တောက်လိုက်ပြီဟု သတင်းရရှိသည်။ သောကြာနေ့နေ့လိုင်းပိုင်းထိကောင်းမွန်နေသောတယ်လီဖုန်းလိုင်းများမှာ ညဦးပိုင်းကစတင်ပြီးယ္ခုချိန်ထိဆက်သွယ်မှုပြတ်တောက်လျက်ရှိကြောင်းဒေသခံများကပြောပြသည်။ ကော့မှူးမြို့နယ်သည် NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကြံ့ဖွတ်ပါတီအတွက် အလွန်အရေးကြီးသော မဲဆန္ဒနယ်မြေတခုအဖြစ် (ထိပ်တန်းစစ်ဆင်ရေးနယ်မြေ)ကြံဖွတ်ပါတီကသတ်မှတ်ထားသောမဲဆန္ဒနယ်မြေတခုဖြစ်သည်။
ယ္ခုကဲ့သို့ ဆက်သွယ်မှုများပြတ်တောက်ရခြင်းအပေါ် အလွန်စိုးရိမ်ပူပန်မှုသံသယများ ဖြစ်ရကြောင်းပြည်တွင်းမီဒီယာမှပြောပြသည်။
မတ်လ(၃၁) ရက်ညတွင် ကော့မှူးမြို့နယ် ဝါးသိင်္ခရွာသို့ အမျိုးသားဒီမိုကရေစီအဖွဲကချုပ်ခေါင်းဆောင် မနက်ဖြန်ရွေးကောက်ပွဲအတွက် သွားရောက်ညအိပ်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သန်းကောင်စာရင်းသွင်းထားဝါးသိင်္ခကျေးရွာရှိ ကရင်မိသားစုနေအိမ်။
စာပေစိစစ်က ဒီစာမျက်နှာကို ပိတ်သတဲ့ဗျာ ....
စာပေစိစစ်က ဒီစာမျက်နှာကို ပိတ်သတဲ့ဗျာ ....
အိုံပညာရှင်တွေက NLD ကို တဖက်ဇောင်းနင်း အားပေးလို့ တဲ့ ....း)
အိုံပညာရှင်တွေက NLD ကို တဖက်ဇောင်းနင်း အားပေးလို့ တဲ့ ....း)
မြန်မာနိုင်ငံမှာ ပါးတခါရိုက်ရင် တထောင်ဘဲ ပေးရတယ်
![]() |
| တရားခံ ထက်ထက်မိုးဦး |
![]() |
| ယခင်အမှုခြိမ်းများတွင် တရားရှေ့၌တွေ့ ရသော ထက်ထက်မိုးဦး |
ဒီဗွီဘီက သတင်းတပုဒ်မှာ ဆဲဗင်းဒေး သတင်းဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး ကို ပြစ်မှုထင်ရှားလို့  ဒဏ်ငွေ ကျပ်တထောင် စီရင်ချက်ချလိုက်တယ် လို့ ရေးထားပါတယ်။
အမှုစစ်တဲ့ တှိံစ်နဲ့ ဆယ်လကျော် အချိန်မှာ တရားရုံးကို အဋ္ဌကိမ် (၇၀)ကျော် သွားရတယ်လို့  မအေးသူစံ ကပြောပြီး စီရင်ချက်အပေါ် မကျေနပ်ပေမဲ့ ပိုက်ဆံမတတှ်ိုံင်တော့လို့  အယူခံ မ၀င်တော့ဘူးလို့ ဆိုပါတယ်။
“ ကျမခံစားရတုန်းက လူပုံအလယ်မှယ အရှက်တကွဲ အကျိုးနဲဖြစ်ခဲ့ရတယ်။ ဒီအမှုမှာ လူအား၊ ငွေအား၊ စိတ်အားတွေ အများ`ဋ္ဌကီးပေးပြီးတော့ အချိန်ပေး အသုံးချခဲ့ရတယ်။
Tuesday, March 20, 2012
ဗိုလ်ချုပ်အောင်းဆန်း ပုံ စတစ်ကာ ကပ် ထားသောကားများ နန်းတွင်းဝင်ခွင့်မပေး
နိုင်ငံခြားသားခရီးသည်တင်တဲ့ကား
သည် တိုးရ်ကားတွေဘာလို့နန်းတွင်းဝင်
နန်းတွင်းကို (၁၉)လမ်းအရှေ့ပေါက်ကပဲဝင်ရတယ်၊ အဲဒီမှာ ရှေးဟောင်းရဲ့ zone fee (US$) ကောက်တဲ့ဂိတ်ရှိလို့ပါ။
ကားက ဂိတ်ကိုရောက်ပြီး ဘာလုပ်ရလဲဆိုရင်.....လုံခြုံရေး
ယာဉ်မောင်းက လုံခြုံရေးဂိတ်မှာ အမည်၊ယာဉ်အမှတ်၊လူဦးရေပြောပြီး
တိုးရ်ဂိုက်က လမ်းတဘက်မှာရှိတဲ့ ရှေးဟောင်းဂိတ်မှာသွားပြီး zone fee ဆောင်ပြီးရင်လည်းဆောင်ပြီးကြောင
လက်မှတ်ပြ၊ မဆောင်ရသေးရင်လည်း ဆောင်ရပါတယ်။ (သည်အလုပ်ကို တိုးရ်ဂိုက်မပါရင် ယာဉ်မောင်းက
လုပ်ပေးရပါတယ်။)
အဲသည်လုပ်ငန်းစဉ်တွေပြီးမှ မီးပွိုင့်က မီးစိမ်းပြမှ နန်းတွင်းထဲ ၀င်ရပါတယ်။
Monday, March 19, 2012
မြ၀တီမြို့ အာဇာနည်ကျောက်တိုင်နှင့် ကျောက်တိုင်မြေ ရောင်းစားခံရခြင်း (တိုင်ကြားစာ)
မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူအပေါင်း တိုဟာ နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့ ရောက်တိုင်း လူကြီးလူငယ် ရဟန်း မရွေး နှလုံးသားထဲမှာ ရင်နင့်ပူဆွေးဝမ်းနည်းမှုတွေ အလိုအလျှောက် ဖြစ်ပေါ်လာကြပါတယ်။ ကျဆုံးခဲ့သော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များကို အောင်းမေ့ဖွယ် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူတွေဟာ အာဇာနည်ကျောက်တိုင်မှာ လွမ်းသူပန်းခွေများချကာ အလေးပြု ကြပါတယ်။ ကျနော်တို့ မြ၀တီမြို့မှာတော့ ခေတ်အဆက်ဆက် ရှိပြီးဖြစ်တဲ့ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဗလီရှေ့ အာဇာနည်ကျောက်တိုင်နှင့် ကျောက်တိုင်မြေဟာ မသမာသူ အာဏာရှင်ဖြစ်ခဲ့တဲ့ ယခင် ကရင်ပယက ဗိုလ်မှူးကြီးစောခင်စိုးနဲ့ မြ၀တီခရိုင် ခယကအဖွဲ့ တို့ဟာ မြ၀တီမြို့နေ ပြည်သူကို ဂုတ်သွေးစုတ်နေတဲ့ ပြည်သူ့ချဉ်ဖတ် ဖြစ်တဲ့ တရုတ်အမျိုးသမီး ဒေါ်သင်းသင်မြတ် ဆိုသူကို ရောင်းစားလိုက်ပါတယ်။
Sunday, March 11, 2012
အီးမေးလ်ထဲက ပုံပြင်တိုလေး...
အမေအိုကို မကျွေးမမွေးနိုင်တော့တဲ့သားက အမေကို တောထဲမှာစွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ညနေမှာ သားက အမေကိုကျောပိုးပြီး တောထဲလျှောက်သွားကြည့်မယ်ဆိုတော့  အမေက ခက်ခက်ခဲခဲနဲ့ သားကျောပေါ်တက်လိုက်ခဲ့တယ်။ တောနက်နက်ထဲရောက်မှ အမေကိုပစ်မယ်လို့ သားကတွေးပြီး တောထဲဝင်ခဲ့တယ်။ အဲဒီမှာ အမေကိုသူငှဲ့ကြည့်တော့ အမေဟာ သူကျောပေါ်ကနေပြီး လမ်းတလျောက် ပဲစေ့တွေပစ်ချနေတာကို သူတွေ့လိုက်တယ်။
"အမေဘာလို့ ပဲစေ့တွေ ကျဲနေသလဲ"လို့ သူစိတ်တိုတိုနဲ့မေးတော့ အမေက "ခဏနေ သားပြန်ရင် သားလမ်းမှားမှာစိုးလို့ပါ"လို့ ပြန်ဖြေတယ်။
မိဘတွေဟာ အိုမင်းသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သူတို့ရဲ့ချစ်ခြင်းက သင့်အပါးတစ်သက်လုံး မခွဲမခွာရှိနေခဲ့ပါတယ်။....
( နိုင်းနိုင်းစနေ ဘာသာပြန်သည်)
Subscribe to:
Comments (Atom)












