Saturday, March 31, 2012

မြန်မာနိုင်ငံမှာ ပါးတခါရိုက်ရင် တထောင်ဘဲ ပေးရတယ်

တရားခံ ထက်ထက်မိုးဦး
ယခင်အမှုခြိမ်းများတွင် တရားရှေ့၌တွေ့ ရသော ထက်ထက်မိုးဦး
ဒီဗွီဘီက သတင်းတပုဒ်မှာ ဆဲဗင်းဒေး သတင်းဂျာနယ် သတင်းထောက် မအေးသူစံကို  ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး ကို ပြစ်မှုထင်ရှားလို့  ဒဏ်ငွေ ကျပ်တထောင် စီရင်ချက်ချလိုက်တယ် လို့ ရေးထားပါတယ်။

အမှုစစ်တဲ့ တှိံစ်နဲ့ ဆယ်လကျော် အချိန်မှာ တရားရုံးကို အဋ္ဌကိမ် (၇၀)ကျော် သွားရတယ်လို့  မအေးသူစံ ကပြောပြီး စီရင်ချက်အပေါ် မကျေနပ်ပေမဲ့ ပိုက်ဆံမတတှ်ိုံင်တော့လို့  အယူခံ မ၀င်တော့ဘူးလို့ ဆိုပါတယ်။

“ ကျမခံစားရတုန်းက လူပုံအလယ်မှယ အရှက်တကွဲ အကျိုးနဲဖြစ်ခဲ့ရတယ်။ ဒီအမှုမှာ လူအား၊ ငွေအား၊ စိတ်အားတွေ အများ`ဋ္ဌကီးပေးပြီးတော့ အချိန်ပေး အသုံးချခဲ့ရတယ်။
ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို ဒီလို အစော်ကားခံလိုက်ရတဲ့အတွက် အလုပ်နဲ့ ပါတ်သက်ပြီး ကျမစိတ်ဓါတ်တွေလည်း အတော်ဋ္ဌကီးကျခဲ့ရ တယ်။ ဒီလောက်နစ်နာမှုတွေအတွက်ကို ပြန်ရလိုက်တာက ဒဏ်ငွေတစ်ထောင်ဆိုတော့ လူရယ်စရာဋ္ဌကီး ဖြစ်နေပါတယ်။ ကျမ ဒီစီရင် ချက်ကို လုံးဝ မကျေနက်ပါဘူး။ သို့ သော် ကျမမှာ နောက်ထက် လူအင်အားရော ငွေအင်အားပါ အကုန်အကျမခံနိုင်တော့ဘူး။ ဂုဏ် သိက္ခာပိုင်းအနေနဲ့ ပြောမယ်ဆိုရင်တော့ တရားရုံးတခုမှာ သူဟာ တရားခံတယောက်အနေနဲ့ စာရင်းဝင်သွားပြီ”လို့ ပြောပါတယ်။

အခုချမျတ်လိုက်တဲ့အမှုဟာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၃ သာမန် နာကျင်စေမှုအရ ပြစ်မှုထင်ရှားရင် ဒါဏ်ငွေ ကျပ်တစ်ထောင် ဒါမှမဟုတ် ထောင်ဒဏ်တစ်လကနေ အမြင့်ဆုံး ထောင်ဒဏ် တှိံစ်အထိ ချမှတ်နိုင်ပါတယ်။


No comments:

Post a Comment