ကမ္ဘာ့ဈေးအကြီးဆုံးဖုန်း |
ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းကို အင်္ဂလန်နိုင်ငံ၊
လီပါဗူးမြို့က Stuard hughes အမည်ရ ကုမ္မဏီမှ ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းက
ထုတ်ဖော်ပြသခဲ့ပါတယ်။ လူသုံးကုန်ပစ္စည်းများကို ဇိမ်ခံပစ္စည်းအဖြစ်
ပြောင်းလဲပေးနေတဲ့ ကုမ္မဏီတစ်ခု ဖြစ်သည့်အား လျော်စွာ ကမ္ဘာ့ဈေးအကြီး
ပစ္စည်းများကို ဖန်တီးပေးခဲ့ပါတယ်။
ယင်းဖန်တီးမှုများမှ တစ်ခုကတော့ ကမ္ဘာ့ဈေးအကြီးဆုံးဖုန်း ဖြစ်ပါတယ်။ Apple မှ ထုတ်တဲ့ iPhone 4S ကို စိန်၊ ရွှေ၊ ပလက်တီနမ် နဲ့အခြား ရှားပါး ကျောက်မျက်ရတနာများနဲ့ အလှဆင်ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ ၁၀၀ ကာရပ်အဆင့် သန့်စင်ပြီးဖြစ်တဲ့ အပြစ်အနာအဆာမရှိ စိန်ပေါင်း အလုံး ၁၀၀ ပါဝင်ပါတယ်။ အနောက်ဘက် ကာဗာကို ၂၄ ကာရက် ရွှေ၊ Apple လိုဂို အမှတ်တံဆိပ်ကို စိန် ၅၃ လုံး၊ ၂၄ ကာရက်ရွှေ တို့နဲ့ ဖန်တီးထားပါတယ်။
Main Navigation ကို 8.6 ct အဆင့် စိန်နဲ့ ဖုံးအုပ်ထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရှားပါးစိန်ဖြစ်တဲ့ အပန်းရောင် အပြစ်ကင်း 7.4ct အဆင့် စိန်ကိုလည်း တပ်ဆင်ထားပါတယ်။ chest ကိုတော့ ဒိုင်နိုဆောအရိုးလို့ ခေါ်တဲ့ T-REX သတ္တုသုတ်လိမ်း ပလက်တီနမ်နဲ့ ပြုလုပ်ပါတယ်။ Opal, Pietersite, Charoite, Rutile Quartz, Star Sunstone စတဲ့ ဈေးကြီး ကျောက်မျက် ရတနာများလည်း ပါဝင်ပါသေးတယ်။
ကျောက်မျက်ရတနာပေါင်းများစွာနဲ့
---
Ref: stuarthughes.com
No comments:
Post a Comment