Saturday, August 11, 2012

အမေရိကန်ဒေါ်လာ ၉.၄ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်း

ကမ္ဘာ့ဈေးအကြီးဆုံးဖုန်း

ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းကို အင်္ဂလန်နိုင်ငံ၊ လီပါဗူးမြို့က Stuard hughes အမည်ရ ကုမ္မဏီမှ ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းက ထုတ်ဖော်ပြသခဲ့ပါတယ်။ လူသုံးကုန်ပစ္စည်းများကို ဇိမ်ခံပစ္စည်းအဖြစ် ပြောင်းလဲပေးနေတဲ့ ကုမ္မဏီတစ်ခု ဖြစ်သည့်အား လျော်စွာ ကမ္ဘာ့ဈေးအကြီး ပစ္စည်းများကို ဖန်တီးပေးခဲ့ပါတယ်။

ယင်းဖန်တီးမှုများမှ တစ်ခုကတော့ ကမ္ဘာ့ဈေးအကြီးဆုံးဖုန်း ဖြစ်ပါတယ်။ Apple မှ ထုတ်တဲ့ iPhone 4S ကို စိန်၊ ရွှေ၊ ပလက်တီနမ် နဲ့အခြား ရှားပါး ကျောက်မျက်ရတနာများနဲ့ အလှဆင်ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ ၁၀၀ ကာရပ်အဆင့် သန့်စင်ပြီးဖြစ်တဲ့ အပြစ်အနာအဆာမရှိ စိန်ပေါင်း အလုံး ၁၀၀ ပါဝင်ပါတယ်။ အနောက်ဘက် ကာဗာကို ၂၄ ကာရက် ရွှေ၊ Apple လိုဂို အမှတ်တံဆိပ်ကို စိန် ၅၃ လုံး၊ ၂၄ ကာရက်ရွှေ တို့နဲ့ ဖန်တီးထားပါတယ်။

Wednesday, July 25, 2012

တစ်ပေခွဲသာရှိသည့် တရုတ်မလေးကို ကမ္ဘာ့အသေးဆုံးအဖြစ် သတ်မှတ်



တရုတ်နိုင်ငံမှ လျောင်ရှောင်ရှောင် အမည်၇ှိ သုံးနှစ်အရွယ်မိန်းကလေးတစ်ဦးသည် အရပ် တစ်ပေခွဲသာရှိပြီး ထပ်မံကြီးထွားမူ့သည် လုံးဝ မရှိတော့ကြောင့် ကမ္ဘာ့အသေးဆုံးအဖြစ် သတ် မှတ်နေကြကြောင်းDM သတင်းဋ္ဌာနကဇူလိုင်လ ၁၇ရက်နေ့ တွင်ဖော်ပြသည်။

သူသည်မွေးလာစဉ်က ကိုယ်အလေးချိန် ၁ဒသမ ၀၅ကီလိုဂရမ်(၂ ဒသမ၃ပေါင်) နှင့်အရပ်အမြင့် ၃၃စင်တီမီတာ(၁၃လက်မ) ရှိပြီးယခုသုံးနှစ်သမီးအရွယ် ကိုယ်အလေးချိန်၂ဒသမ၅ကီလိုဂရမ်(၅ဒသမ၅ပေါင်)နှင့်အရပ်အမြင့် ၅၄ စင်တီမီတာ (၂၁လက်မ) ရှိလာသည်။

သို့သော် သူသည်ကြီးထွားမူ့ ရပ်တန့်ခဲ့သည်မှာ ကာလကြာလှပြီးဖြစ်သောကြောင့် သူ့အားကမ္ဘာ့ အသေးဆုံးလူသားဖြစ်သည် ဟုယုံကြည်ကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဟွိုင်ဟွာမြို့မှ ဆရာဝန်များက သူသည် မွေးရာပါဗီဇချွတ်ယွင်း မူ့ကြောင့် စောစီးစွာ ကြီးထွားမူ့ ၇ပ်တန့်သွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။ (mrsorcerer:)