Sunday, December 19, 2010

ကမ္ဘာ့အကြမ်းခံဆုံး JCB မိုဘိုင်းလ်ဖုန်း

JCBမှ ထုတ်လုပ်သော Toughphoneသည် ကမ္ဘာပေါ်တွင် အကြမ်းပတမ်း ခံနိုင်ရည်အရှိဆုံး မိုဘိုင်းလ်ဖုန်းအဖြစ် ကြွေးကြော်ထားကြောင်း သိရသည်။ ယင်းဖုန်းသည် ရေအောက်တွင် (၈)နာရီကြာ အသုံးပြုနိုင်ပြီး အပူချိန် (၇၅)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ခံနိုင်ရည်ရှိသည်။ အေးလွန်းသည့် အနေအထားမျိုးတွင်လည်း ပြဿနာမရှိဘဲ ရေခဲမှတ်အောက် (၃၀)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းနေသည့်တိုင် အပြုံးမပျက်ဟု JCBက ပြောကြားထားသည်။ ထို့အပြင် ကြီးမားသော ဖိနှိပ်မှုနှင့် တုန်ခါမှုများကိုလည်း ခံနိုင်ရည်ရှိကြောင်း သိရသည်။ ယင်းဖုန်းကို ကြမ်းတမ်းသော လုပ်ငန်းခွင်များတွင် သုံးစွဲနိုင်ရန် အဓိက ရည်ရွယ်ထားသည်။ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ လယ်ယာစိုက်ပျိုးမြေများတွင်ဖြစ်သည်။ ဖုန်းသည် သီချင်းနားထောင်ခြင်း ဗီဒီယိုကြည့်ခြင်း၊ FMရေဒီယို နားထောင်ခြင်းတို့အပြင် ကွန်ပျူတာနှင့် အခြားဖုန်းများကိုပါ အလွယ်တကူ ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ဖုန်းအတွင်း Bluetoothစနစ်လည်း ပါရှိသည်။ ကမ္ဘာ့အကြမ်းအခံဆုံး ဖုန်းအဖြစ် ကြေညာထားသော JCB၏ မိုဘိုင်းလ်ဖုန်းအား လက်တွေ့စမ်းသပ်မှု ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

Tuesday, December 7, 2010

တပ်မတော်ကိုခုတုံးလုပ်ပြီး ရိုက်စားလုပ်နေသော သန်းရွှေ နှင့် ဖိုးလှပြည့်

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှုးကြီးသန်းရွှေသည် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ သန်း တစ်ထောင်(တစ်ဘီလီယံ) ဖြင့် ၀ယ်ယူဖို့ ၂၀၀၉ ဇန်န၀ါရီလတွင် စဉ်းစားခဲ့ကြောင်း ၀ိကီလိခ်မှ ဖွင့်ချသောအမေရိကန်သံတမန် လျှို့ဝှက်သတင်းများတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးသန်းရွှေမြေး ဖိုးလပြည့်က မန်ချက် စတာကလပ် ရှယ်ယာများကို ၀ယ်ယူဖို့ အကြိမ်ကြိမ် ပူဆာခဲ့ကြောင်း လျှို့ဝှက်သတင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ၀ါရှင်တန်သို့ ပေးပို့ခဲ့သည်။