Sunday, December 19, 2010

ကမ္ဘာ့အကြမ်းခံဆုံး JCB မိုဘိုင်းလ်ဖုန်း

JCBမှ ထုတ်လုပ်သော Toughphoneသည် ကမ္ဘာပေါ်တွင် အကြမ်းပတမ်း ခံနိုင်ရည်အရှိဆုံး မိုဘိုင်းလ်ဖုန်းအဖြစ် ကြွေးကြော်ထားကြောင်း သိရသည်။ ယင်းဖုန်းသည် ရေအောက်တွင် (၈)နာရီကြာ အသုံးပြုနိုင်ပြီး အပူချိန် (၇၅)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ခံနိုင်ရည်ရှိသည်။ အေးလွန်းသည့် အနေအထားမျိုးတွင်လည်း ပြဿနာမရှိဘဲ ရေခဲမှတ်အောက် (၃၀)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းနေသည့်တိုင် အပြုံးမပျက်ဟု JCBက ပြောကြားထားသည်။ ထို့အပြင် ကြီးမားသော ဖိနှိပ်မှုနှင့် တုန်ခါမှုများကိုလည်း ခံနိုင်ရည်ရှိကြောင်း သိရသည်။ ယင်းဖုန်းကို ကြမ်းတမ်းသော လုပ်ငန်းခွင်များတွင် သုံးစွဲနိုင်ရန် အဓိက ရည်ရွယ်ထားသည်။ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ လယ်ယာစိုက်ပျိုးမြေများတွင်ဖြစ်သည်။ ဖုန်းသည် သီချင်းနားထောင်ခြင်း ဗီဒီယိုကြည့်ခြင်း၊ FMရေဒီယို နားထောင်ခြင်းတို့အပြင် ကွန်ပျူတာနှင့် အခြားဖုန်းများကိုပါ အလွယ်တကူ ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ဖုန်းအတွင်း Bluetoothစနစ်လည်း ပါရှိသည်။ ကမ္ဘာ့အကြမ်းအခံဆုံး ဖုန်းအဖြစ် ကြေညာထားသော JCB၏ မိုဘိုင်းလ်ဖုန်းအား လက်တွေ့စမ်းသပ်မှု ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။



၁။ ရေကူးကန်ထဲတွင် စမ်းသပ်ခဲ့ရာ ရေအောက်တွင် အသံကြည်လင်မှု အလွန်ကောင်းမွန်သည်။ လိုင်းမိမှုတွင်မူ အနည်းငယ် အားလျော့သွားသည့်တိုင် အချိန်ကြာမြင့်စွာ စကားပြောနိုင်ရန် လုံလောက်သော အခြေအနေတွင်ရှိသည်။

၂။ ရေနွေးငွေ့ခန်းတွင် (၁၀)မိနစ်ကြာ ထားကြည့်ရာ ဖုန်းအတွင်း ရေငွေ့ရိုက်မှု ဖြစ်ခဲ့သော်လည်း ပျက်စီးမှု လုံးဝမရှိဟုဆိုသည်။

၃။ ရေနွေးရေချိုးခန်းတွင် စမ်းသပ်ရာ အသံအရည်အသွေး အနည်းငယ်ကျသွားပြီး လုံးထွေးသွားခဲ့သည်။ ဖုန်းသည် လုံးဝဥဿုံ ရေလုံသည်ဟု မဆိုနိုင်သော်လည်း လုပ်ဆောင်ချက်များတွင် ပြဿနာ မပေါ်သလို ပျက်စီးခြင်းလည်း မရှိချေ။

၎။ (၁.၆)တန် အလေးချိန်ရှိသော ဘီးလုံးကြီးဖြင့် (၅)ကြိမ်ကြိတ်နင်းခဲ့ရာ စတုတ္ထ အကြိမ်မြောက်တွင် ဖုန်း၏ နောက်ပိုင်း၌ သေးငယ်သော အက်ကြောင်းလေး ပေါ်လာသည်။ ရှေ့ဖက် Screenတွင်မူ အပျက်အစီးမရှိချေ။

၅။ ပထမထပ် ပြူတင်းပေါက်မှ ပစ်ချကြည့်ရာ အပျက်အစီးမရှိချေ။ (၁၂)ပေမြင့်သော အနေအထားသည် JCBက အာမခံထားသည်ထက် နှစ်ဆပိုများသော ပမာဏဖြစ်သော်လည်း ဖုန်း၏ ခံနိုင်ရည်မှာ မှတ်ကျောက်တင်နိုင်ခဲ့သည်။

၆။ ရေခဲသေတ္တာရှိ ရေခဲမုန့်ထည့်သော အံဝှက်အတွင်း (၂)နာရီကြားထားပြီးနောက် ပြန်လည်အသုံးပြုကြည့်ရာ အကောင်းပကတိပင် ရှိနေသည်။

၇။ အခြားသော စမ်းသပ်ချက် အများအပြားကလည်း Touchphoneသည် ရေစိုမှု၊ အပူဒဏ်၊ ဖုန်နှင့်အညစ်အကြေးများကြောင့် အပျက်အစီး မရှိကြောင်း ထောက်ခံခဲ့သည်။ ၀မ်းနည်းစရာ အချက်တစ်ခုအဖြစ် ဖုန်းကို အ၀တ်လျှော်စက်ထဲ ထည့်စမ်းရာတွင်မူ ခံနိုင်ရည်မရှိဘဲ ပျက်သွားကြောင်း သိရသည်။

No comments:

Post a Comment