Tuesday, January 4, 2011

ကမ္ဘာ့အသက်အကြီးဆုံး ခလေးအဖေ

ရာမိခ်ျရာ၈တ်ဖ် နဲ့ ပထမဦးဆုံး သားဦးရတနာ
အိန္ဒိယနိုင်ငံသား အသက် ၉၄ နှစ်ရှိ ရာမိခ်ျရာ၈တ်ဖ် ( Ramage Raghav)ဟာ ကမ္ဘာ့အသက်အကြီးဆုံး ခလေးအဖေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူရဲ့ မိန်းမ ရှပ်ကုန္ဒလာဒေ၀ီ ( Shakuntala Devi) အသက် ၅၄ နှစ်နဲ့ ပထမဦးဆုံး သားဦးရတနာကို ရရှိခဲ့ပါတယ်။ သူတို့မိဘနှစ်ပါဟာ ဒီသားဦးရတနာလေးရတဲ့အတွက် အင်မတန်ကို ၀မ်းသာပီတိဖြစ်ကြရပြီး၊ ဒီသားလေးဟာ ဘုရားသခင်က သူတို့အတွက်ပေးတဲ့ လက်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။
ရာမိခ်ျရာ၈တ်ဖ်၊ သူရဲ့ မိန်းမ ရှပ်ကုန္ဒလာဒေ၀ီ နဲ့
သူတို့ရဲ့ သားဦးရတနာ
သူတို့ဟာ နောက်နှစ်ထဲမှာ ဒုတိယခလေးရဘို့လည်း အစီအစဉ် ရှိကြောင်း သိရပါတယ်။ ရာမိခ်ျရာဂတ်ဖ်ဟာ သူရဲ့ ကျန်းမာရေးအခြေအနေအရ နောက်ထပ် နှစ်ပေါင်း တဒါဇင်လောက် နေရလိမ့်အုံးမယ်လို့ယုံကြည်နေပါတယ်။ " ကျနော့်ကို မြွေနက်ပေါက်မှဘဲ အခုချက်ချင်းသေနိုင်မှာပါ။ ဒါကြောင့်မို့ လာမဲ့ ဆယ်နှစ်အတွင်းမှာ ကျနော်ရှိတဲ့ နေရာကို လာလည်ကြပါလို့ ဖိတ်ခေါ်ပါတယ်။" လို့ ရာမိခ်ျရာဂတ်ဖ် ကဆိုပါတယ်။

သူဟာ တနေ့ကို နို့် သုံးလီတ၊ ဂီး (ghee) ကီလိုဝက်၊ ဗာဒံသီး ကီလိုဝက် စားသုံးတယ်လို့ ဆိုပါတယ်။ ၁၉၉၄ ခုနှစ်က တရားသူကြီးများရဲ့ ဆုံးဖြတ်ချက်အရ သူ့အသက်ဟာ ၉၄ နှစ်လို့ ဆိုပေမဲ့၊ အမှန်တကယ်တော့ သူ့ရဲ့အသက်ဟာ နှစ် ၁၀၀ ထက်မငယ်ဘူးလို့ သူထင်ကြောင်းး ပြောပါတယ်။

(ဦးဦးမှော်ဆရာမှပေးပို့သော သတင်းကို ပြန်ဆိုဖော်ပြသည်)။ (ရာဇ၀င်)

No comments:

Post a Comment