Sunday, September 12, 2010

တက္ကသိုလ်ဂွမ်းပုံရဲ့ ငယ်ဘ၀ ဖြတ်သန်းရာ


လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် ဦး ကျော်သူ ဦးဆောင်ဖွင့်လှစ်တဲ့ သရုပ်ဆော င်သင်တန်းမှာ သွားရောက် အကူအညီ ပေးခဲ့တဲ့ အတွက် မြန်မာစစ်အစိုးရ လက်အောက်ခံ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် အပိတ်ခံရတဲ့ အနုပညာရှင် ဟာသသရုပ်ဆောင် ဂွမ်းပုံ အကြောင်းလေ့လာကြရအောင်ပါ။


သူကျင်လည်ရာ ရပ်ဝန်းက အနုပညာနဲ့ စိမ်းခဲ့ပေမယ့် သူ့ရဲ့သွေးသားဗီဇက ဟာသဇာတ်ပို့ သရုပ်ဆောင်တွေကို လေးစားပြီး သူတို့လို ရပ်တည်ချင်စိတ်တွေ ပြည့်နှက်နေခဲ့သူပါ။ ဖခင်ဦးလှမြင့်က ရန်ကုန် အမှတ် (၁) ဆက်သွယ်ရေးတပ်မှာ တာဝန်ထမ်းဆောင်ပြီး မိခင် ဒေါ်ရင်သန်းကတော့ တပ်ထဲက ၀န်ထမ်းအိမ်ရာမှာ စက်ချုပ်တဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ လက်ရှိအချိန်မှာ တက္ကသိုလ် ဂွမ်းပုံရယ်လို့ အများက သိထားတဲ့သူ့ကို ၁၉၆၅ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က မွေးဖွားခဲ့တယ်။ သူ့ရဲ့ ငယ် နာမည်က စမ်းစမ်းကြည်လို့ သိရပါတယ်။

သာမန် လူမှုဝန်းကျင်မှာ ကျင်လည်ဖြတ်သန်းနေတဲ့ မိသားစုမှာ မွေးဖွားကြီးပြင်းခဲ့ရသူ ဖြစ်ပေမယ့် သူ့ရဲ့ဘ၀ ဖြတ်သန်း မှုမှာ ဖြစ်ချင်တာကို ဖြစ်ခွင့်၊ လုပ်ခွင့်တွေ ရရှိခဲ့ပြီး ပညာရေးမှာ စိတ်လက်ချမ်းသာစွာ သင်ယူခွင့် ရရှိခဲ့သူပါ။ ရုပ် ရှင်ကြည့်ရင် ဟာသဇာတ်ပို့ အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍကို ပို မိုအလေးပေး ကြည့်ရှုလေ့ရှိပြီး သူတို့နေရာမှာ ငါသာဆိုရင် ဘယ်လို သရုပ်ဆောင်လိုက်မယ် ဆိုတဲ့ အတွေးတွေက သူ့ရဲ့ငယ်အိပ် မက် အတွေးတွေထဲမှာ ရောယှက်လို့ နေပြန်ပါတယ်။ ကျောင်းကပွဲတွေမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားမှု ရှိခဲ့တဲ့ သူက တစ်ချိ န်မှာ အနုပညာရပ်ဝန်းထဲ ရပ်တည်ခွင့် ရရှိခဲ့လိမ့်မယ်လို့ တော့ အိပ်မက်တောင် မမက်ဖူးဘူးလို့ ဆိုပါတယ်။

''ငယ်ငယ်ကတည်းက ဟာသကားတွေကို အရမ်းကြိုက်တယ်။ ရုပ်ရှင်လောကထဲကို ၀င်နိုင်တဲ့ အဆက်အသွယ် မရှိခဲ့တော့ ရပ်တည် ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ၀ါသနာကြောင့် ကိုးတန်းကျောင်းသူ အရွယ် တုန်းက 'ပ၀ါနီနီ' ဇာတ်ကားမှ ကလေးသရုပ်ဆောင် လုပ်ဖို့ သွားလျှောက်ပေမယ့် မရပါဘူး။ ဟာသကို ၀ါသနာပါပေမယ့် မဂွမ်းရဲ့ ပြင်ပပုံစံက ဟာသတွေပြောပြီး နေတတ်တာမျိုးတော့ မဟုတ်ဘူး။ အရာရာကို ခေါင်းဆောင် လုပ်ချင်စိတ်တော့ ရှိတယ်။ ဆရာကြီး စတိုင်လ်ေ ပါ့'' လို့ မဂွမ်းက ပြောပြခဲ့ပါတယ်။

အ.လ.က (၃) ဒဂုံမှာ ပညာစတင် သင်ယူခဲ့ပြီး မြို့မကျောင်းကနေ ၁၀ တန်း အောင်မြင်ခဲ့တဲ့ သူမက တက္ကသိုလ် ပထမနှစ် စတင် တက်ရောက်စဉ် အချိန်ထိ လူကြားထဲသွားရမှာကို ရှက်တတ်သူပါ။ အဲဒီလို လူကြားထဲတိုးရမှာ မ၀ံ့မရဲဖြစ်တဲ့ ဆန်း ဆန်းကြည်ဆိုတဲ့ သူမကို တက္ကသိုလ် ဂွမ်းပုံအဖြစ် အမည်တွင်ပြီး လူတွေနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ဖန်တီးပို့ဆောင် ပေးခဲ့တာက တက္ကသိုလ် အနုပညာအသင်း လို့ သိရပါတယ်။

''အနုပညာ အသင်းမှာ တောသူမလေး ခြောက်ယောက် လုပ်ရတာ ရှိတယ်။ အဲ ဒီ ခြောက်ယောက်ထဲမှာ မဂွမ်းရဲ့ နာမည်က ဂွမ်းပုံပေါ့။ လူကလည်း ၀၀တုတ်တုတ် ဖြူဖြူပုပု ဆိုတော့ အားလုံးက ချစ်လို့ဆိုပြီး ဂွမ်းပုံလို့ပဲ ခေါ်ကြတာကနေ ဂွမ်းပုံဆိုတဲ့ နာမည် တွင်သွား တာပေါ့။ တက္ကသိုလ် အနုပညာ အသင်းမှာ လှုပ်ရှားပြီး ဆရာဦးနန္ဒက ခေါ်ရိုက်တော့လည်း သူရိုက်တဲ့ကားမှာ တက္ကသိုလ်ဂွမ်းပုံလို့ပဲ တပ်ပေးလိုက်တာလေ''လို့ သူမရဲ့ မိဘပေးတဲ့နာမည်က တစ်ဆင့် အနုပညာ အမည် တက္ကသိုလ်ဂွမ်းပုံ ဖြစ်တည်လာပုံကို ရှင်းပြခဲ့ပါတယ်။

မြန်မာစာ အဓိကနဲ့ ၁၉၈၆ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပြီး ကျောင်းဆ ရာမ လျောက်လွှာတွေကို လိုက်လံ လျှောက်ထားခဲ့သလို ဆောက်လုပ် ရေး လုပ်ငန်း တစ်ခုမှာလည်း နှစ်အတန်ကြာ ၀န်ထမ်းတစ်ဦးအဖြစ် ရပ်တည် လှုပ်ရှားခဲ့ပါတယ်။ မဂွမ်းအနေနဲ့ ဟာသ ဇာတ်ပို့ သရုပ် ဆောင်ဘ၀ကို မြတ်နိုးခဲ့မှုနဲ့ ပတ်သက်ပြီး မေးဖြစ်တော့ ...

''၁၉၈၆ မှာ ပထမဆုံးရိုက်ရတဲ့ ဇာတ်ကားက ဒါရိုက်တာ ဦးနန္ဒရိုက် တဲ့ 'ရင်ခုန်မိတာအချစ်လား' ရုပ်ရှင်ဇာတ်ကားမှာ မမို့ရဲ့ သူငယ်ချင်း အဖြစ် ပါရတာပါ။ မဂွမ်းရဲ့ စိတ်ထဲမှာ မင်းသမီးဖြစ်ချင်တယ်လို့ မရှိဘူး။ ငါ ဟာသ အရမ်းကြိုက်တယ်။ ငါသာ သရုပ်ဆောင်လိုက်ရင် ဘယ်လိုဖြစ်မှာ အဲဒီလိုမျိုး တွေးခဲ့တယ်။ စိတ်ထဲမှာ မင်းသမီး ဖြစ်ချင်လိုက်တာ ဆိုတာမျိုး မရှိခဲ့တဲ့အတွက် ဒီနေရာကို စ၀င်ကတည်းက ကျေကျေနပ်နပ်ကြီးကို ၀င်လာခဲ့တာပါ ''လို့ ပြောပြခဲ့ပါတယ်။

၁၉၈၆ ခုနှစ်မှာ အနုပညာခရီးကို အစပြုခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံက ၂၄ နှစ်တာ အနုပညာခရီး တိုင်ခဲ့ပါပြီ။ သူဖြတ်သန်းခဲ့ တဲ့ ခရီးတစ်လျှောက် အနုပညာ စွမ်းရည်တွေကို ပြည့်ဝသထက် ပြည့်ဝအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့်လည်း လက်ရှိ အချိန်ထိ မျိုးဆက်သစ် အနုပညာရှင်တွေနဲ့ လက်တွဲညီညီ မရပ်မနား လျှောက် လှမ်းခွင့် ရရှိခဲ့သူပါ။ သူပြောပြတဲ့ သူ့ရဲ့ဘ၀ ဖြတ်သန်းမှု ပုံစံ ဆိုတာက .

''မဂွမ်းရဲ့ ဘ၀သမိုင်းကို ကောင်းတာရော ဆိုးတာပါ ရောပြီး ရေး မိမှာပါ။ ဒါပေမယ့် တတ်နိုင်သမျှတော့ အမှားနည်းအောင် ရေးနေ ပါတယ်။ ဒါကြောင့် ဖြတ်သန်းခဲ့တဲ့ ခရီးကို ပြန်ကြည့်ရင် ကျေ နပ်တယ်။ မဂွမ်းဘ၀မှာ အချစ်နဲ့ ပတ်သက်ပြီး အထိနာ တာတွေ ရှိခဲ့တဲ့ အတွက် မိဘတွေနဲ့ တစ်ကိုယ်တည်း နေတယ်။ တစ်ဘ၀လုံးအတွက် မဟုတ်ပေမယ့် လက်ရှိ အချိန်ထိကတော့ ဒီလိုပဲသွားနေမယ်။ မဂွမ်း အခုချိန်ထိ အနုပညာလောကထဲမှာ ရပ်တည်နိုင်တဲ့အတွက် ဒီဘ၀ လေးကို ပျော်နေပါတယ်''လို့ ပြောပြခဲ့ပါတယ် ဆိုတာကို တင်ပြရင်း ရပ်နားလိုက်ပါတယ်။ (Celebrity News)

No comments:

Post a Comment