Tuesday, September 14, 2010

၁ ပေ ၁၀ လက်မသာရှိသည့် နီပေါနိုင်ငံသား ကမ္ဘာ့အပုဆုံးပုဂ္ဂိုလ်ဖြစ်လာမည်

တရုတ်နိုင်ငံမှ ကမ္ဘာ့အပုဆုံး လူသား ဟေပင်ပင် ပြီးခဲ့သည့် မတ်လတွင် ကွယ်လွန်သွားခဲ့ပြီးနောက် ကိုလံဘီယာနိုင်ငံမှ အရပ် ၂ ပေ ၃ လက်မသာရှိသော အမျိုးသမီး ကချေသည် အက်ဒ်ဝပ်နီ နိုဟာနန် ဒက်ဇ်အား အပုဆုံးလူသား အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် ပြုစုရေးအဖွဲ့က အသိအမှတ် ပြုလိုက်ကြောင်း သိရသည်။

နီနိုသည် ကမ္ဘာ့အပုဆုံး လူသားနေရာကို ရယူနိုင်ခဲ့သော်လည်း တစ်လအတွင်း လွှဲပေးရဖွယ် ရှိနေသည်။ လက်ရှိအချိန်တွင် ကမ္ဘာ့ အပုဆုံး ဆယ်ကျော်သက် စံချိန်ရထားသည့် နီပေါမှ ခါဂျန်ဒရာ သာပါမာဂါသည် အောက်တိုဘာလတွင် အသက် ၁၈ နှစ် ပြည့်မည်ဖြစ်ရာ ယင်းအချိန်တွင် အရွယ်ရောက်ပြီး သူများအနက် အပုဆုံးစံချိန်ကို နီနိုထံမှ လွှဲယူနိုင်ဖွယ် ရှိသည်။
စ်သူခိုးအဖြစ် သရုပ်ဆောင်ရန်လည်း ကမ်းလှမ်းခံထား ရသည်။



လူအများ၏ နှစ်သက်စိတ်ဝင်စားခြင်းကို ခံရသော်လည်း တစ်ခါတရံတွင် စိတ်ရှုပ်ရကြောင်း နီနိုက ဆိုသည်။ ''လူတွေက ကျွန်တော့်ကို အမြဲတမ်း တို့ကြည့်ထိကြည့် လုပ်တာ၊ ချီမြှောက်ကြည့်တာကို ကျွန်တော် စိတ်ရှုပ်ရပါတယ်''ဟု နီနိုက ဆိုသည်။


နီနိုသည် မွေးဖွားလာစဉ်ကတည်းက သုံးပေါင်ကျော်သာရှိပြီး အလွန်သေးငယ်သောကြောင့် ဆရာဝန်များက စမ်းသပ်မှုများ လုပ်ခဲ့ ကြသော်လည်း ဖြစ်စဉ်ကို မဖော်ထုတ်နိုင်၍ နီနိုသုံးနှစ်သားတွင် လက်လျော့သွားခဲ့ကြကြောင်း အမေဖြစ်သူ နိုမီဟာနန်ဒက်ဇ် က ဆိုသည်။


နီနို၏ ရည်မှန်းချက်မှာ မာစီးဒီးစ်ကားတစ်စီး ပိုင်ဆို င်ရေးနှင့် နာမည်ကျော်များ ဖြစ်သော စတားလုံး၊ ဂျက်ကီချန်း၊ ကိုလံဘီယာ သမ္မတ အယ်လ်ဘာရိုအူရီဘေးတို့ နှင့်တွေ့ဆုံခွင့်ရရေး ဖြစ်ကြောင်း ပြောကြားခဲ့သည်။


နီနိုသည် အချိန်ပိုင်း ကပြ အသုံးတော်ခံသူ အဖြစ် အသက်မွေးလျက်ရှိပြီး သူ့ဘ၀သူ ပျော်ရွှင်လျက် ရှိသည်ဟု ဆိုသည်။ သူ့တွ င် အရပ် ၅ ပေ မပြည့်သော ချစ်သူတစ်ဦးလည်း ရှိသည်ဟု သိရသည်။ နီနိုသည် မျက်လုံးနှစ်ဖက်လုံး အမြင် အာရုံချို့တဲ့သော ဝေဒနာ ခံစားနေရပြီး ခွဲစိတ်ကုသရန် လိုအပ်နေသည်ဟု သိရသည်။ ယင်းအတွက် မိသားစုက ဆောင်ရွက် မပေးနိုင်သောကြောင့် အကူအညီ လိုအပ်လျက် ရှိသည်။ နီနို သည် ရုပ်ရှင်ဇာတ်ကားတစ်ခုတွင် မူးယစ်ဂိုဏ်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်ရန် ကမ်းလှမ်းခံထားရသည်။

No comments:

Post a Comment