မြန်မာတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ မဟာသင်္ကြန်ပွဲကို ဆင်နွှဲဖို့ ရက် ၂၀ သာလိုပါတော့တယ်။မဟာ သင်္ကြန်အကြောင်းကို တွေးတောမိ စဉ်မှာပဲ "မောင်မောင်ဆိုလေထီးရိုးရှည်"အဖွဲ့ရဲ့ သင်္ကြန်သံချပ် ဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေသိရှိထားတဲ့ မောင်မောင်မြင့်အောင်(ခေါ်) ဗေလုဝ ကို သတိရမိခဲ့ပါတယ်။ ဒါကြောင့် လည်းသင်္ကြန်နဲ့ အမှတ်တရတွေရှိခဲ့ တဲ့ ဗေလုဝရဲ့ငယ်ဘ၀ကိုတင်ပြပေး ဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။
ဗေလုဝဆိုလိုက်တာနဲ့ လွန်ခဲ့ တဲ့နှစ် ၂၅ ၀န်းကျင်က ရန်ကုန်မြို့ ရဲ့သင်္ကြန်ကာလတွေမှာ ဂန္ထ၀င် မောင်ဝိုင်းဦးဆောင်တဲ့ "မောင်မောင် ဆိုလေထီးရိုးရှည်" သင်္ကြန်သံချပ် ဖျော်ဖြေမှုတွေမှာ မောင်မောင်မြင့် အောင်အမည်နဲ့ တက်ကြွစွာ လှုပ်ရှားခဲ့တာတွေကို ပရိသတ်များကအောက်မေ့ သတိရကြမှာပါ။ သင်္ကြန်ရောက်ရင် သူတို့အဖွဲ့မပါရင်မပြီးခဲ့ပါဘူး။ အစ်ကိုဖြစ်သူ ဂန္ထ၀င်မောင်ဝိုင်းရဲ့ ဦးဆောင်မှုတွေအပြင် ကိုယ်တိုင်သင်္ကြန် သံချပ်ခေါင်းဆောင်အဖြစ် သူငယ်ချင်းများနဲ့စုစည်းပြီး သင်္ကြန်သံချပ်များစွာကိုလည်း ဖန်တီးလုပ်ဆောင်ခဲ့သူပေါ့။