Monday, March 14, 2011

ထမင်းစားစရာ ပန်းကန်ပြား၊ မတ်ခွက်ကအစလိုတာ ကျုပ်အခုသိသွားပြီ။ ပြန်လိုက်အုံးမယ်

 - ဂျပန်ငလျင်မှာ သေဆုံးတဲ့နှုန်းများလာလို့ ဂျပန်ဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေ
နှစ်ဆ တိုးလုပ်ဖို့ နဲ့ ဂျပန် စစ်သား တသိန်း (ဂျပန်စစ်တပ်ရဲ့ ၄၀ %) ကို တာဝန်ပေးလိုက်ပြီ။
- တရုတ်ငလျင်မှာ တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ဘာပြောခဲ့သလဲဆိုတော့
ငလျင်ဒဏ်ခံပြည်သူတွေအတွက် တမိနစ်တောင် အလဟသ အဖြစ်မခံနိုင်ဘူး၊
တမိနစ် တစက္ကန့်ဟာ ကလေးတယောက်ရဲ့ အသက်နဲ့ ညီမျှတယ်တဲ့။
- ဗမာပြည် နာဂစ်မုန်တိုင်းဖြစ်တော့ အဲဒီတုန်းက ၀န်ကြီးချုပ်ဆိုတဲ့ သိန်းစိန် ဘာပြောခဲ့သလဲ။
ကျုပ်အခုလာတာ ဘာမှမပါသေးဘူး ခင်ဗျားတို့ ဘာလိုအပ်လဲဆိုတာ လာကြည့်တာ၊
ထမင်းစားစရာ ပန်းကန်ပြား၊ မတ်ခွက်ကအစလိုတာ ကျုပ်အခုသိသွားပြီ။ ပြန်လိုက်အုံးမယ်တဲ့
မှတ်ချက်။  ။ အဲသလို အသိဥာဏ်မြင့်မားလှတဲ့ ဗမာပြည်ရဲ့ ၀န်ကြီးချုပ်ကြီးက အခု ဗမာပြည်ရဲ့ သမ္မတ တဲ့။  ဟူး။

(သားဆွေ) 

No comments:

Post a Comment