Friday, March 18, 2011

နယူကလီယား အရည်ပျော် ကျခြင်း ( Nuclear Melted down) ဆိုတာဘာလဲ


နယူကလီယားအရည်ပျော်ကျခြင်းဆိုတာကိုနားလည်အောင်ပြောရမယ်ဆိုရင်တော့ မီးဖိုပေါ်က အိုးတလုံးထဲမှာ ငပိရည်ကို ကြိုလိုက်ပါ။ ရေတွေလုံးဝခန် သွားတဲ့အခြေအနေမှာ ငပိတွေတူးမယ်။ အနံထွက်မယ်။ မီးခိုးတွေထွက်လာမယ်။ ရုပ်ပြက်ဆင်းပြက် ဖြစ်ပြီး ဘေးအခန်းတွေ ထွက်ကြည့်လာမယ်။ ဒီအခြေအနေကို မထိမ်းသိမ်းနိင်ဘူးဆိုရင်မီးလောင်နိင်တဲ့အထိဖြစ်လာနိင်မယ်။ 

ဒီအခြေအနေကို ငပိအိုးတူးတယ် လို့ အရပ်ထဲမှာ သုံးကြပါတယ်။ နယူကလီးယားအရည်ပျော်ခြင်း(  Nuclear Melted Down)ခင်း ဆိုတာလဲ နယူကလီယားချောင်းတွေထည့်ထာတဲ့အိုထဲမှာရေ တွေခန် သွာတာဖြစ်ပါတယ်။ မီခိုထွက်လတယ်။ အပူထွက်တယ်။ ဒါကကိုနယူကလီယားတူးခြင်းလို့  သုံး သော် ရ၏ လို့ ဆိုခြင်ပါတယ်။ ငပိအိုထက်ဆိုတာကတော့ နယူကလီယာ ကနေ ဓါတ်ရောင်ခြည် (  Radiations)  တွထွက်လာမယ်။ လူတွေကိုဒုက္ခပေမယ်။ သဘ၀ပတ်ဝန်ကျင်ကိုဖျက်ဆီးပြစ်မယ်။   

ငပိအိုတူးတော့ဘာလုပ်မလဲ- အိမ်ရှင်မက ရေးချိးခန်းထဲက ထမီရင်လျားနဲ့ အော်ဟစ်ပြီးပြးထွက်လာမယ်။  ငပိအိုးကိုချရမယ်။ ဒါမှမဟုတ် ရေထပ်ထည့်ရမယ်။ ယောင်းမနဲ ဟိုထိုးဒီထိုးထိုးသင့်ရင်လည်းထိုးရမယ်။ အခြေအနေကိုရုပ်ပျက်ဆင်းပျက် မဖြစ်အောင် သူမက ထိမ်းသိမ်းရမှာပါ။ 

နယူကလီယားချောင်းတွေကို  အိုးထဲမှာ ငပိကို ရေအမြုပ်ထည့် ထားသလို ထည့်ထားရပါတယ်။ အနည်းဆုံးရေအမြင့်ပေ၃၂ ပ ရှိဖို့ လိုတယ်။ ( အိုးကြီးကြီးလိုသပေါ့။) နယူကလီယားချောင်းတွေကိုယ် တိုင်က အလွန်ပြင်းတဲ့အပူရှိန်ကိုထုတ်လုပ်နိင်စွမ်းရှိနေပါတယ်။  အပူချိန် ၂၁၀၀ ဒီဂရီစီတီဂရိတ် အထိရှိနေတယ်။(  ၆၇၂၀၀ ဖါရင်ဟိုက်ဒီဂရီ)  

ဒီနယူကလယားချောင်းတွေရေကုန်ပြီ ထမပေါက်ကွဲအောင် ရေကိုအဆက်မပြတ်ထည့်နေရခြင်းဖြစ်ပါတယ်။  အခုဖြစ်နေတာက နယူကလီးယားချောင်းတွေထည့်ထားတဲ့ ကန်ထဲမှာရေတွေခန်းပြီး နယူကလီးယားချောင်းတွေပေါ်နေတယ်လို့ ဆိုပါတယ်။ နယူ ဂျပန် နယူကလီယားစက်ရုံက ကျွမ်းကျင်လုပ်သားတွေက  ငပိအိုးမတူးသွားအေင်အိမ်ရှင်မက ထိမ်းသိမ်းနေရတဲ့အခြေအနေမျိုးကို ရောက်အောင် ကြိုးပန်းနေကြတာဖြစ်ပါတယ်။ 

ဂျပန် နယူကလီယားစက်ရုံက ကျွမ်းကျင်လုပ်သားတွေက ဒီအခြေအနေမျိုး ရရှိအောင် ကြိုးပန်းနေကြတာဖြစ်ပါတယ်။ ပထမ မီးသတ်ပိုက်တွေနဲ့ ရေကို အဆက်မပြတ်မောင်းထည့်နေတယ်။ မရတော့ပဲ။ ဟယ်လီကော်ပတာတွေနဲ့ ပင်လယ်ကရေကို ခတ်ပြီးရေကန်ထဲကို ရေဖြည့် ထည့်နေကြတယ်။ ဒါပေမဲ့ အပူရှိန်ကြောင့်အနီးကပ်မပျံသန်းနိင်ပဲ ရေက ပစ်မှတ်ကိုကောင်းကောင်း ရောက်ပုံမရှိပါဘူး။ ဆိုးရိမ်စရာအနေအထားမှာဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ (komoethee.blogspot.com)

No comments:

Post a Comment