Sunday, February 5, 2012

အကယ်ဒမီဗေဒင် အထူးဟောပြောချက်

၂၀၀၉ ခုနှစ်အတွက်ချီးမြှင့်သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် (အကယ်ဒမီ)ရရှိသူများ

အကယ်ဒမီ ဆုပေးပွဲကြီးကျင်းပမည့်ရက် နီးကပ်လာပါပြီ။ ယခုနှစ်ဟာ ၂၀၁၀ ပြည့်နှစ်အတွင်း ပြသခဲ့သည့် ဇာတ်ကားတွေထဲမှ ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပေမယ့် တကယ်တမ်းဆုပေးသည့်နှစ်ကတော့ ၂၀၁၂ ခုနှစ်ထဲမှာဖြစ်သည်။ ဒါကြောင့် ၂၀၁၀ ခုဆိုတဲ့ (မြန်မာသက္ကရာဇ် ၁၃၇၁ ကို) ဗေဒင်ပညာရပ်ဖြင့် လေ့လာဆန်းစစ်ရမည်ဖြစ်သလို ၂၀၁၂ (မြန်မာသက္ကရာဇ် ၁၃၇၃ ကိုလည်း) လေ့လာဆန်းစစ်သွားမည်ဖြစ်သည်။
ဆုပေးပွဲကျင်းပမည့် ၁၃၇၃ ခုကို မဟာဘုတ်ဇာတာခွင်ချကြည့်လိုက်တဲ့အခါ
အထက်ပါအတိုင်း မဟာဘုတ်ခွင်မှာ တွေ့ရမှာဖြစ် ပါတယ်။

မြန်မာ့ဗေဒင်ပညာဖြင့် လေ့လာလိုက်တဲ့အခါ ကြာသပတေးနံအမည်နာမများ၊ ဗုဒ္ဓဟူးနံအမည်နာမများ၊ တနင်္ဂနွေနံ အမည်နာမ များသည် အောင်မြင်ခြင်းဆိုတဲ့ ကံတရားကို ခံစား၊ စံစားရမည့်နေ့နံများ ဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရနိုင်မည့် နေ့နံများကို မြန်မာ့လက်ရိုးဗေဒင်ပညာ၊ အင်္ဂ၀ိဇ္ဇာပညာ များဖြင့် လေ့လာကြည့်တဲ့အခါ အောင်မြင်ခြင်း၊ ကျော်ကြားခြင်း၊ အထွတ်အထိပ်ရောက်ရှိခြင်းဆိုတဲ့ ဂြိုဟ်တွေကို လေ့လာလိုက်တဲ့ အခါ အောင်မြင်မှုဂြိုဟ်နံများနှင့် စထားသော မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိနိုင်သောဇာတ်ကားများမှာ -
'ပင်လယ်ထက်က နေ၀န်းနီ'၊ 'အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်'၊ 'အငိုမျက်လုံး အပြုံးမျက်နှာ' ဇာတ်ကားများမှာ အောင်မြင်မှုပန်းတိုင် လှမ်းကိုင်နိုင်သော အကယ်ဒမီဆုရှင်ဇာတ်ကားများ ဖြစ်ပေသည်။

မြန်မာရုပ်ရှင်သရုပ်ဆောင် ထူးချွန်ဆုများအနေဖြင့်လည်း ကြာသပတေးနံဖြင့် စသောသူများ၊ တနင်္ဂနွေနံ၊ ဗုဒ္ဓဟူးနံများဖြင့်စသော နေ့နံသမားများ ထူးချွန်ဆုကို ရရှိနိုင်ပေသည်။

ဥပမာ - သရုပ်ဆောင်ထူးချွန်ဆုများကို ပြေတီဦး၊ ဝေဠုကျော်၊ သက်မွန်မြင့်၊ ၀ါဝါအောင်၊ လင်းဇာနည်ဇော် စသူတို့ ဆွတ်ခူးနိုင် ပါသည်။
ထို့အတူ အကောင်းဆုံး နောက်ခံတေးဂီတဆုကိုလည်း မြန်မာပြည်ကျောက်စိမ်းက ရရှိနိုင်ပေသည်။ 

အကောင်းဆုံးဓာတ်ပုံဆုကိုလည်း 'ပင်လယ်ထက်က နေ၀န်းနီ'ကားကို အကောင်းဆုံးဓာတ်ပုံများဖြင့် ရိုက်ကူးပေးနိုင်သော ဒါရိုက်တာ ပန်းချီစိုးမိုး ရရှိနိုင်ပေသည်။

ဒီမြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို မြန်မာ့ဗေဒင်ပညာဖြင့် ရရှိမည့်နှစ်၏ ကောဇာသက္ကရာဇ်ကို တွက်ချက်ဟောပြောရခြင်း ဖြစ်ပေသည်။
နောက်ပြီး အမှန်တကယ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးမည့်နှစ်ကို မြန်မာ့ ဆန်းပညာ၊ မြန်မာ့ရိုးရာ၊ အင်္ဂ၀ိဇ္ဇာ ပညာများဖြင့် ထပ်မံ လေ့လာလိုက်တဲ့အခါ ထူးချွန်ဆု အမှန်တကယ်ပေးမယ့်ခုနှစ် (၁၃၇၃) ခုနှစ်
ဒါကြောင့် အမှန်တကယ်ဆုပေးမည့်နှစ်ကိုပါ ကောဇာမဟာဘုတ်နဲ့ ကောဇာဇေယျတိုင်ကို ထူပြီး လေ့လာဆန်းသစ်ရပါတယ်။
အဲဒီအခါမှာ ဆုပေးမည့် သက္ကရာဇ်နှင့် ဆုအမှန် တကယ်ပေးသော ကောဇာသက္ကရာဇ်တွင် ဆုရရှိနိုင်သော သူများမှာ- 

အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု - ပြေတီဦး
အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု - သက်မွန်မြင့်
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု - စိုင်းစိုင်းခမ်းလှိုင်
အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု - ၀ါဝါအောင်
အကောင်းဆုံးဇာတ်ကားဆု - ပင်လယ်ထက်မှ နေ၀န်းနီ
အကောင်းဆုံးဒါရိုက်တာဆု - ဒါရိုက်တာဝိုင်း
အကောင်းဆုံးဓာတ်ပုံဆု - ပန်းချီစိုးမိုး
အကောင်းဆုံးနောက်ခံတေးဂီတဆု - မြန်မာပြည်ကျောက်စိမ်း 

တို့ကို ထူးချွန်ဆု မြန်မာ့ဆန်းပညာဖြင့် အမှန်တကယ်ကြိုးစားသောသူများ အမှန်တကယ် ကံအကျိုးပေးခံစားရသူများအဖြစ် ရည်ညွှန်း ဟောပြောသုံးသပ်လိုက်ရပါတယ်။ 

ဒေါက်တာစောယုနွယ်
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

No comments:

Post a Comment