Monday, February 6, 2012

"ရာစုနှစ်ရဲ့ကြေကွဲစရာအကောင်းဆုံးဓါတ်ပုံ"

အဆိုပါဓါတ်ပုံကိုရိုက်ကူးခဲ့သူရဲ့နာမည်က ကီဗင်ကာတာပါ။ ဒီဓါတ်ပုံကတော့ တကယ့်ကိုကြေကွဲဝမ်းနည်းစရာကောင်းလှပါတယ်။
ထိုကလေးသူငယ်ကို မကယ်တင်ပဲ ထိုဓါတ်ပုံရိုက်ကူးပြီး ချက်ချင်းထွက်ခွာသွားခဲ့ သူ ဓါတ်ပုံဆရာအပါအ၀င် မည်သူမျှ ထိုကလေးငယ်ရဲ့ နောက်ဆက်တွဲကံကြမ္မာ မည်သို့ ဆက်ဖြစ်ခဲ့သည်ကိုမသိရှိခဲ့ကြရပါဘူး။

၁၉၉၃ ခုနှစ်၊ မတ်လ တွင် ကီဗင်ကာတာတစ်ယောက် ဆူဒန်နိုင်ငံတောင်ပိုင်းသို့ ခရီးထွက်ခဲ့ပြီးယခုဓါတ်ပုံ ကိုရိုက်ယူခဲ့တာဖြစ်ပါတယ်။ ထိုဓါတ်ပုံဟာသူ့ ကို နာမည်ကျော်ပူလစ်ဇာဆုကိုဆွတ်ခူးရယူနိုင်စေခဲ့သလိုသူ့ ရဲ့ သေမင်းကိုပါယူဆောင်လာခဲ့ပါတယ်။


ဓါတ်ပုံထဲမှာ အစားအစာငတ်မွတ်ခေါင်းပါးမှုဒါဏ်ကြောင့် အဟာရဓါတ်ပြတ်ကာသေလုမြောပါးဖြစ်နေသည့် ကလေးငယ် (မိန်းကလေး)တစ်ယောက်ဒုက္ခသည်ခိုလှုံရေး (ကယ်ဆယ်ရေးစခန်း) သို့ ရောက်အောင် အားတင်းပြီး သွားနေခိုက် မောပန်းနွမ်းနယ်လွန်းလို့ ခေတ္တနားနေစဉ် လင်းတတစ်ကောင်က ထိုကလေးငယ်လေးသေမည့် အချိန်ကို အနီးအနားတွင်စောင့်ဆိုင်းနေတာဖြစ်ပါတယ်...

ထိုထိတ်လန့် ဖွယ်ရာ ဓါတ်ပုံကြောင့် ပဲ အာဖရိကတိုက်ရဲ့ ဆာဟာရသဲကန္တာရအတွင်းတစ်စိတ်တစ်ပိုင်း ပါဝင်တည်ရှိနေသည့် ဆူဒန်နိုင်ငံရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ( အငတ်ဘေး ) အခြေအနေအမှန်ကို တစ်ကမ္ဘာလုံးက လူတွေသတိပြုမိသွားခဲ့ ကြရပါတယ်...

ဓါတ်ပုံဆရာ ကီဗင်လည်း ကလေးငယ်ကို ကူညီကယ်တင်မည့် အစား မိနစ် ၂၀ လုံးလုံးအဆိုပါဓါတ်ပုံရိုက် ကူးနိုင်ဖို့ ပြင်ဆင်စောင့် ဆိုင်းနေခဲ့သည့် အပေါ် အသေအချာစစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။ထိုဓါတ်ပုံရိုက်ကူးခဲ့ပြီး ၃ လအကြာမှာတော့ သူဟာ ကိုယ့် ကိုယ်ကိုသေကြောင်းကြံကာ သေဆုံးသွားခဲ့ ရ ပါတော့ တယ်....

( သိပ်ပြီးတော့ လည်းမဝေးလှတော့တဲ့ ကုလသမဂ္ဂကယ်ဆယ်ရေးစခန်းကို ထိုကလေးငယ်အား ကယ်ဆယ်သယ်ယူပို့ ဆောင်မပေးခဲ့ သည့် ထိုဓါတ်ပုံဆရာ နောင်တအကြီးအကျယ်ရသွားမှာ အသေအချာပါပဲ....)
မစာမနာပြောရယင်တော့ သေသင့် ပါတယ်လို့ တောင်ဆိုရမလားပဲ...

ဘ၀မှာ ကိုယ်မျှော်မှန်းသလိုဖြစ်မလာသူများ၊ မျှော်လင့်မထားသည့် အခက်အခဲ၊ ကံမကောင်းအကြောင်းမလှမှုများဖြစ်ခဲ့ရသူများ၊ မိမိအလိုရှိသည့် အကြောင်းအရာ၊ ရုပ်ဝတ္တုပစ္စည်း၊ အခြေအနေ စသည် (တစ်ကယ်တော့ လည်းထိုအရာများမရခဲ့ ၊ မဖြစ်ခဲ့ လို့ လည်း မိမိဘ၀ ပျက်မသွား၊ အသက်သေမသွားလောက်ပါ...)များ မရရှိခဲ့ သူများ သတိပြု၊ ဆင်ခြင်ဖွယ်ရာပါပဲ...

တစ်ခါတစ်လေတော့ ကိုယ့်ဘ၀နဲ့ ကိုယ်၊ ကိုယ့် အတွေးနဲ့ ကိုယ်တော့ အရေးတစ်ကြီး၊ ဘ၀ပျက်မတတ်ခံစားထင်မှတ်ရပေမယ့် အခုလိုအခြေအနေဆိုးတွေနဲ့ နှိုင်းယှဉ်လိုက်ယင် ကိုယ်ကြုံတွေ့ နေရတာတွေ၊ ခံစားနေရတာတွေဟာ ထင်သလောက်အခြေအနေမဆိုးဘူးဆိုတာ တွေ့ လာရပါလိမ့် မယ်...။

(ဆရာမဂျူးရေးသားတဲ့"ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါရစေ"ဆိုတဲ့စာအုပ်မှာ ဒီဓါတ်ပုံအကြောင်းဖတ်ရကတည်းကစိတ်မကောင်းဖြစ်မိသလို၊သိချင်စိတ်နဲ့ရှာဖွေနေခဲ့တာ၊ခုမှတွေ့ရတာပါ။ပုံနဲ့အတူဒီပုံကိုထပ်ဆင့်မျှဝေတဲ့သူရေးထားတဲ့စာကိုပါပူးတွဲဖော်ပြလိုက်ပါတယ်။ဒီပုံထဲက ကလေးမလေးနဲ့စာရင် ကိုယ်တွေဘ၀က အများကြီးသာပါတယ်။ဒီပုံလေးရဲ့ကျေးဇူးက ကျွန်တော့်အပေါ်မှာတော့ တင်နေပါတယ်။ ဒီပုံလေးအကြောင်းကို ဆရာမဂျူးရဲ့စာအုပ်မှာဖတ်လိုက်ရပြီးကတည်းက ချို့တဲ့နေတယ့်ကလေးသူငယ်တွေကို တတ်နိုင်သလောက် ဒါနပြုတတ်တဲ့ အကျင့်တခုတော့ရခဲ့ပါတယ်။တလက်စတည်းဆိုသလိုမကွေး၊မင်းဘူး ကသူငယ်ချင်းတွေကို ကြုံခဲ့ရတဲ့ အဖြစ်လေး ပါပြောပြပါရစေ။မကွေးမြို့ရှောင်လမ်း ကွန်ပျူတာတက္ကသိုလ်ကိုသွားတဲ့ လမ်းမှာ သီလရှင်ဆရာလေးနှစ်ပါး ထူထောင်ထားတဲ့ မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်း
လေးတစ်ကျောင်းရှိပါတယ်။အဲဒီကျောင်းလေး ကထူထောင်ထားတာမကြာသေးပါဘူး။စထူထောင် ကာစ ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ ဒီပုံထဲက ကလေးမလေးလို အာဟာရပြတ်လို့ drift သွင်းနေရတဲ့ ကလေးတွေကိုတွေ့ခဲ့ရပါတယ်။တကယ်လို့များ သူငယ်ချင်းတို့မွေးနေ့တွေနေ့ထူးနေ့မြတ်တွေမှာ အလှုဒါနပြုကြမယ်ဆိုရင် အဲဒီကျောင်းလေးမှာ တတ်နိုင်သလောက် ဒါနပြုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။လောလောဆယ်တော့ ကျွန်တော်တို့ သူငယ်ချင်းတွေ နီးစပ်ရာဘော်ဒါတွေနဲ့အတူတတ်နိုင်သလောက်လစဉ် လှုဒါန်းပေမယ့်လဲ။ကလေးအယောက် တစ်ရာ ကျော်အတွက် လောက်ငှ တယ်ရယ်လို့မရှိပါဘူး။ အဲဒီကျောင်လေးမှာကလေးတွေအတွက်ကျွန်တော်တို့သူငယ်ချင်းတွေနဲ့နီးစပ်တဲ့ ပြင်ပ"ပရဟိတ"အဖွဲ့လေး တခုက စာကြည့်တိုက်ကလေးတခုတည်နိုင်အောင်လို့လုပ်နေပါတယ်။စာအုပ်စာတန်းတွေလှုမယ်ဆိုရင်လည်း အဲဒီကျောင်းလေးမှာ သွားရောက်လှုဒါန်းနိုင်ပါတယ်။) (စိုးကြီး)

No comments:

Post a Comment