Wednesday, February 8, 2012

မတ်လ ၁၅ ရက်မှာ Facebook ဇာတ်သိမ်ြး​ပီ ...



Facebook ကိုလာမည့် မတ်လတွင် အဆုံးသတ်မည် ဖြစ်ကြောင်း Mark Zuckerberg က ကြေငြာလိုက်သည်။ အဆိုပါ site ကို စီမံခန့် ခွဲရခြင်းသည် အလွန်စိတ်ဖိစီးလာ၍ဖြစ်သည်။ " Facebook ကို ထိန်းချုပ် လို့ မရတော့ဘူး " ဟု Mark Zuckerberg က ကယ်လီဖိုးနီးယား ပြည်နယ်၊ ပယ်လိုအယ်တို ၌ ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ပြောကြားခဲ့သည်။

" ဒီကုမ္ပဏီ ကို စီမန်ခန့် ခွဲရတဲ့စိတ်ဖိစီးမှု့ကြောင့် ကျွန်တော့် ဘ၀လည်း ပျက်ပြီ၊   ဒီရူးသွပ်မှု အားလုံးကို ကျွန်တော် အဆုံးသတ်ဖို့ လိုပါတယ် " ဟု ၄င်း က ဆက်လက်ပြော ကြားခဲ့သည်။ 

 
" မတ်လ ၁၅ ရက်ကျရင် Website တစ်ခုလုံး ပိတ်ပါပြီ " ဟု Facebook မှ နည်းပညာရေးရာ ဒုတိယ ဥက္ကဌ Avrat Humarthiက ပြောကြားသည်။ " ဒီတော့ ခင်ဗျားတို့ ကိုယ့်ပုံကိုယ်ပြန်မြင်ချင်သေးရင် ဒီပုံတွေကို အင်တာနက် ကနေ ဖယ်လိုက်တော့၊ Facebook လုပ်ငန်း ရပ်ဆိုင်းသွားရင် အဲဒီပုံတွေ ပြန်မရနိုင်တော့ဘူး" ဟု Avrat Humarthi က ဆက်လက်ပြောကြားခဲ့သည်။
 ဤ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရကြောင်း၊ သို့ သော် ပြည်သူများ မကျေမလည် ကသိအအောင့် ဖြစ်လိမ့်မည်ဟု မထင်ပါကြောင်း Mark Zuckerberg က ပြောကြားခဲ့သည်။
 
 ရိုးရိုးပြောရရင် ပိုကောင်းဖို့ ဖြစ်လာတာလို့ ထင်ပါတယ်။ Facebook မရှိတော့ရင် လူတွေ အပြင်ထွက်ကြမယ်။ တကယ့်လူသားမိတ်ဆွေသူငယ်ချင်းတွေရလာမယ်၊ ဒါဟာ ဘယ်တော့မဆိုကောင်းတာပဲလေ " ဟု Mark Zuckerberg က တယ်လီဖုန်းနှင့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။
 
 ဒီထတ်လန့် တုန်လှုပ်ဖွယ် သတင်းကိုကြားတော့ Facebook သုံးစွဲသူ တစ်ချို့ ဟာ ဒေါသတကြီး ပေါက်ကွဲကြတယ်၊ Facebook မှ မရှိရင် ကျွန်တော်ဘာလုပ်ရမလဲ လို့  အင်ဒီယာနာ မှ အထက်တန်း ကျောင်းသား တစ်ဦးဖြစ်သူ ဒင်းနစ်ဘရက်ရှော က ပြောသည်။

 
 http://weeklyworldnews.com/headlines/27321/facebook-will-end-on-mar...

Weekly world news  ကိုဆီလျော်အောင်ပြန်ရေးထားခြင်းဖြစ်ပါသည်-။

No comments:

Post a Comment