မြန်မာလူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားသုံးကြသည်ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ်သင့်သော အချက် ခုနှစ်ချက်ကို ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်
ကျွမ်းကျင်သူများ၏ လေ့လာသုတေသန ပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်
သောက်ခြင်းသည် အခြားအချိန်တွင် စီးကရက် ဆယ်လိပ်သောက်ခြင်းနှင့် ညီမျှပြီး
ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်အလမ်းအများဆုံး ဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကို ချက်ချင်းမစားပါနှင့်
ထမင်းစားပြီး သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ်လေခံစေသည်။
ထို့ကြောင့် သစ်သီးများ စားမည်ဆိုပါက ထမင်းစားပြီး တစ်နာရီအလိုတွင်သာ
စားသုံးသင့်သည်။





































